ကိုယ်ပိုင်အမှတ်အသားပြု

ကိုယ်ပိုင်အမှတ်အသား အပြုဆုံး စမတ်ဖုန်းများ

ကိုယ်ပိုင်အမှတ်အသားပြုမှုသည် HTC Sense အတွေ့အကြုံ၏ အရေးအပါဆုံးဖြစ်သည်။ ကျွန်ုပ်တို့သည် ဤဖုန်းကို သင့်ဖုန်း အမှန် ဖြစ်စေရန် ဖန်ရှင်များ၊ အပလီကေးရှင်းများနှင့် ကိရိယာများ အားလုံးကို ပေးသည်။ သင် အလုပ်လုပ်ပုံ၊ သင်ကစားပုံ၊ သင့်ဖုန်းနှင့် သင်ပြုလုပ်သည့်အရာအားလုံးသည် ပို၍ ‘သင်’ HTC Sense ဖြင့် ဖြစ်စေသည်။

ပင်မ ဖန်သားပြင်ကို စိတ်ကြိုက်ပြုခြင်း

ကျွန်ုပ်တို့သည်’ သင့် ပင်မ ဖန်သားပြင် ပန်နယ်များသို့ ၀ိဂတ်များ၊ အပလီကေးရှင်းများ သို့မဟုတ် ရှော့ကတ်များ လွယ်ကူစွာ ပေါင်းထည့်ရန် ပင်မ ဖန်သားပြင် စိတ်ကြိုက်ပြုမှု ကိရိယာသစ်ကို ပေးအပ်ပြီးဖြစ်သည်။ သင်လုပ်ရန်လိုသည်မှာ သင်ပေါင်းထည့်လိုသည့်အရာကို ရှာဖွေပြီး ၎င်းကို သင်အကြိုက် ပင်မ ဖန်သားပြင် သို့ ဆွဲယူပြီးဖြုတ်ချရန်သာဖြစ်သည်။ သင့် ပင်မ ဖန်သားပြင် ပန်နယ်များကို အလှဆင်ရန် ကျွန်ုပ်တို့သည် ’ မတူညီသော ရှုခင်းများ၊ စကင်များနှင့် ဝေါလ်ပေပါများ ၅၀ နီးပါး ရွေးချယ်စရာကို သင်အား ပေးအပ်ပြီးဖြစ်သည်။

သင့် ပင်မ ဖန်သားပြင် ပန်နယ်များကို စီစဉ်ခြင်း

တစ်ချက်ထိဖြင့် HTC Sense သည် ပင်မ ဖန်သားပြင်များကို သင်အလိုရှိသလောက် စိစဉ်ရန် လိုက်လျောညီထွေဖြစ်မှုကို သင့်အားပေးအပ်သည်။ သင် ပင်မ ခလုတ်ကို ဖိသည်နှင့် သင့်အား ’ thumbnails များအဖြစ် ဖန်သားပြင် ၇ ခုလုံးကို ဖွင့်ပြသည့် Leap View ထဲသို့ စတင်သည်။ ပင်မ ဖန်သားပြင်များအနက် တစ်ခုကို ဖိပြီး သင်သည် သင်ကြိုက်နှစ်သက်သည့် မည်သည့် နေရာသို့မဆို ရွှေ့နိုင်သည်။ Leap View သည် မည်သည့် ပင်မ ဖန်သားပြင်ကိုမဆို အလွန် လျှင်မြန်စွာ ရယူသုံးစွဲနိုင်သည်။ ’ ထို့ကြောင့် ၎င်းတို့ကို လှန်လှောလျက် အချိန် ဖြုန်းရန်မလိုပေ။

သက်ဝင် သော့ခတ် ဖန်သားပြင်

ကျွန်ုပ်တို့သည် သင့်အား သက်ဝင် သော့ခတ် ဖန်သားပြင်များစွာကို ပေးအပ်ပြီးဖြစ်သည်။ သင့်အတွက် အရေးအကြီးဆုံး အချက်အလက်များသည် သင်ပထမဆုံး တွေ့မြင်သည့်အရာဖြစ်စေရန်အတွက်ဖြစ်သည်။ 1

 

တေးဂီတ

ယခုအခါ သင့်တွင် သင်အကြိုက်ဆုံး တေးဂီတကို သော့ခတ် ဖန်သားပြင်မှ ချက်ချင်းရယူ အသုံးပြုနိုင်သည်။သင် နားထောင်နေခဲ့သည့် နောက်ဆုံးနေရာမှ စတင်၍ ပြန်လည်နားထောင်ပါ။ အသံ လမ်းကြောင်းများကို ပြောင်းပါ မကြာသေးမီက ဖွင့်ထားသည့် အယ်လ်ဘန် ၈ ခု အထိ သွားလာပါ။ သို့မဟုတ် ဖွင့်ရန် တစ်ခုကို ရွေးပါ။ ၎င်းသည် ’ သင့် သံစဉ်များကို ရရှိရန် မြန်ဆန်ပြီး လွယ်ကူစေသည့် ကြီးကျယ်သော အင်္ဂါရပ်တစ်ခု ဖြစ်သည်။

လူများ

လူများ သော့ခတ် ဖန်သားပြင်သည် သင့်အား သင်၏ တိုးမြှင့်ထားသည့် သော့ခတ် ဖန်သားပြင် ကြားခံဆက်သွယ်ပေးမှုအတွက် ပီးပဲ ၀ိဂတ်မှ မည်သည်အုပ်စုကိုမဆို ပေါင်းထည့်နိုင်စေသည်။ ထိုအုပိစုတွင် အဆက်အသွယ်တစ်ခုစီအတွက် ကြိုတင် ကောင်းမွန်အောင်ပြုလုပ်ထားသည့် လုပ်ဆောင်မှုများ၏ သင့်ကြိုက်နှစ်သက်မှုကို စိတ်ကြိုက်ပြုလုပ်နိုင်သည်။

 

အကြောင်းကြားမှုများ

ပြုလုပ်နိုင်မှု သော့ခတ် ဖန်သားပြင်ဖြင့် သင်သည် သင့်ဘ၀တွင် အရေးကြီးသောသူများထံမှ အကြောင်းခြင်းတစ်ခုကို မည်သည့်အခါမှ မလွတ်သွားကြောင်း သင့်အနေဖြင့် သေချာစေနိုင်သည်။ သင် အကြောင်းကြားမှုတစ်ခုကို လက်ခံရရှိသောအခါ ၎င်းတို့သည် ’ မတူညီသော ထပ်ပုံ လေးပုံထဲသို့ ကတ်ပြားများ အစည်းလိုက်ကဲ့သို့ စတင်စီထပ်လိမ့်မည်။ လွတ်သွားသော ခေါ်ဆိုမှုများအတွက် တစ်ခု၊ သတင်းစကားသစ်များ အတွက် တစ်ခု၊ အီးမေးလ် သတင်းစကားသစ်များ အတွက် တစ်ခုနှင့် ပြက္ခဒိန် အဖြစ်အပျက်များ အတွက် တစ်ခု၊

ဓာတ်ပုံ အယ်လ်ဘန်

သင့်တွင် ကွန်ပျူတာ စခရင် ဆေဗာအတွက် ဆလိုက်ရှိုးကဲ့သို့သော ဓာတ်ပုံ အယ်လ်ဘန် တစ်ခု ရှိလိုလျှင် ဓာတ်ပုံ အယ်လ်ဘန် သော့ခတ် ဖန်သားပြင်သည် သင်အတွက် ဖြစ်သည်။ Gallery ရှိ မည်သည့် အယ်လ်ဘန်ကိုမဆို ရွေးပါ။ သင်သည် ’Polaroid ကဲ့သို့သောဖရိန်များအတွင်း သင့်အကြိုက်ဆုံး ဓာတ်ပုံများ မျောပါနေသည်ကို သင်မြင်တွေ့ ခံစားနိုင်လိမ့်မည်။

 

သူငယ်ချင်း သီတန်းမှု

သင့်သူငယ်ချင်းများ’ ၏ အခြေအနေ အပ်ဒိတ်များကို သင့်ဖုန်းအား သောမဖွင့်ဘဲ ပင်လျှင် ကြည့်ပါ။ သူငယ်ချင်း သီတန်းမှု သော့ခတ် ဖန်သားပြင် စတိုင်ကို သင်ရွေးသောအခါ သင့်လူမှုရေးကွန်ရက် အခြေအနေ အပ်ဒိတ်များသည် သင့် သော့ခတ် ဖန်သားပြင်ပေါ်တွင် မျောနေသည်။ ကွဲပြားသော အခြေအနေ အပ်ဒိတ်များကို ကြည့်ရန် ဖန်သားပြင်ကို သင့်လက်ချောင်းဖြင့် လျှောထိုး နိုင်သည်။ အခြေအနေ အပ်ဒိတ်တစ်ခုကို ကွင်းထဲသို့သင်ဆွဲယူသောအခါ ’ သင် ချက်ချင်းဝေဖန်ချက် ပေးနိုင်ရန် သင့် အား တကယ့် သတင်းသို့ ခေါ်သွားလိမ့်မည်။

ရာသီဥတု

ရာသီဥတုသော့ခတ် ဖန်သားပြင်ဖြင့် သင်သည် ’ မိုးလေ၀သ ခန့်မှန်းချက်ကို သိရန် ရာသီဥတု အပလီကေးရှင်းကို ဖွင့်ရန် မလိုပေ။ အပြင်ဘက်တွင် မိုးရွာနေလျှင် ဖန်သားပြင်ပေါ်တွင် မိုးရေစက် ’ ပုံစံများပြသသောကြောင့် ’ တံခါးအပြင်ဘက်သို့ သင်ပြေးထွက်လျှင် သင်သည် ’ သင့်ထီးကို ယူလာရန် လို မလိုဆိုသည်ကို သင် သိလိမ့်မည်။

 

စတော့များ

စတော့ သော့ခတ် ဖန်သားပြင်သည် သင် ခြေရာခံနေသည့် နောက်ဆုံး စတော့ အပ်ဒိတ်များကို ပြသည်။ ’ သင့်အား ’ အကောင်းဘက်သို့ ပြောင်းလဲမှုအတွက် အတက် သို့မဟုတ် အကောင်းဘက်သို့ မဟုတ်သည့် ပြောင်းလဲမှုအတွက် အဆင်း၊ မျောနေသည့် စတော့အချက်အလက်ဖြင့် ကြိုဆိုလိမ့်မည်။

နာရီ

အကယ်၍ သင်သည် ဒစ်ဂျစ်တယ်နာရီထက် အင်နာလော့နာရီ ပုံစံကို ပိုကြိုက်ပါက ရိုးရာပုံစံမှ ခေတ်မီပုံစံအထိ နာရီပုံစံများစွာမှ သင် ရွေးချယ်နိုင်သည်။

 

[1] HTC One V နှင့် HTC Desire C သည် သက်ဝင် သော့ခတ် ဖန်သားပြင်များကို အသုံးမပြုနိုင်ပါ။