အင်တာနက် ရှာဖွေ အသုံးပြုခြင်း

စာသားသည် သင့် ဖန်သားပြင် အကျယ်နှင့် ကိုက်ညီရန် အင်တိုက်အားတိုက် အရွယ်အစားပြန်ပြင်ပေးသောကြောင့် မည်သည့် ၀က်ဘ်ဆိုက်တွင်မဆို စာသားကို အဆင်ပြေပြေ ဖတ်ရှုပါ။ အချိန်မရလျှင် သို့မဟုတ် သင်၏ နောက်ခရီးလမ်းဆုံးတွင် ’အင်တာနက် ဆက်သွယ်မှု မရှိလျှင် သို့မဟုတ် ’ စိတ်ပျက်ဖွယ် နဖုစည်းစာတမ်း သို့မဟုတ် ကြော်ငြာများကို ဖယ်ရှားရန် နောက်မှ ဖတ်ရန် ဆောင်းပါးများကို သိမ်းထားပါ။

 

စာသား ပြန်လည်ဖြန့်ချမှု၊ ချောမွေ့ပြီး ရှင်းလင်းသည်။

HTC Sense သည် စာသား ပြန်လည်ဖြန့်ချမှုဖြင့် စမတ်ဖုန်း ၀က်ဘ်ဆိုက် စာဖတ်ခြင်းအတွေ့အကြုံ သဘာဝကို ပြောင်းလဲသည်။ လက်နှိပ်စက်ဟောင်းကဲ့သို့ ဘယ်နှင့်ညာကို ရွှေ့ရမည့်အစား သင့် ဖန်သားပြင်ပေါ် စာသားသည် သင့် ဖန်သားပြင် အကျယ်နှင့် ကိုက်ညီရန် အင်တိုက်အားတိုက် သီးသန့်ပြုလုပ်ထားသောကြောင့် သင့်အနေဖြင့် ဖတ်ရှုရန် အောက်သို့ ရွှေ့ရန်သာလိုသည်။ ဖန်သားပြင်ကို နှစ်ချက် ခေါက်လိုက်ပါ စာသားသည် ဖန်သားပြင်နှင့် ကိုက်ညီရန် အလိုအလျောက် ပြန်လညိ ဖြန့်ချလိမ့်မည်။

နောက်မှဖတ်၊ နောက်မှကြည့်။ တဖြည်းဖြည်းပြောင်းလဲသည် ဘွတ်ခ်မက်ခ် ရှိမည့် ပုံစံ

ဘွတ်ခ်မက်ခ်သည် သင့်အား တစ်ခုကို မှတ်မိရန် သင့်ကို ကူညီသော်လည်း ၎င်းသည် ’ သင်ဖတ်လိုသည့်အရာကို ချက်ချင်း ရယူအသုံးပြုနိုင်စေမည်မဟုတ်ပေ။ HTC Sense သည် သင်ဖတ်လိုသည့်အရာ၏ ကော်ပီကို သင့်ဖုန်းပေါ်မှ ‘ သင့် ဖတ်ရှုစာရင်း’. တွင် သိမ်းထားနိုင်စေခြင်းဖြင့် ဘွတ်ခ်မက်ခ်များထက် သာလွန်သည်။ သင်၏ တန်ဖိုးကြီးမားလှသည့် bandwidth ကို အသုံးပြုစရာမလိုဘဲ ၎င်းကို သင် အလိုရှိသလောက် ကြာကြာ သိမ်းထားနိုင်သည်။ ဗီဒီယိုများကိုလည်း နောက်ပိုင်းတွင် ဤစာရင်းတွင် ပေါင်းထည့်ခြင်းဖြင့် ကြည့်ရှုနိုင်သည်။ ‘ကြည့်ရှုစာရင်း’.

 
 အင်တာနက် ရှာဖွေ အသုံးပြုခြင်း စာသား ပြန်လည်ဖြန့်ချမှု၊
 

သီးသန့် ဖတ်ရှု အနေအထား

ကျွန်ုပ်တို့၏ သီးသန့် ဖတ်ရှု အနေအထားဖြင့် သင်ဖတ်လိုသည့်အရာကို သင်အာရုံစိုက်နိုင်စေရန် HTC Sense သည် အာရုံအနှောင့်အယှက် ကင်းဝေးရန် လွယ်ကူစေသည်။ သင်ဖတ်လိုသည့်အရာကို နေဗီဂေးရှင်း ဗားများ၊ ၀က်ဘ် ဒီဇိုင်းချ ပုံစံနှင့် ကြော်ငြာများကဲ့သို့သော အပိုအချက်အလက်များအားလုံးကို ဖြုတ်ချထားသောကြောင့် သန့်ရှင်းသော ဖတ်စရာ စာများသာ ကျန်ရှိစေသည်။

ချက်ချင်း တက်ဘ်များ

HTC Sense သည် သင်၏ ဖတ်ရှုခြင်းအတွေ့အကြုံကို ပိုမိုကောင်းမွန်စေပြီး ပို၍ အလိုလ်ုသိရန် ပြုလုပ်ပေးသည်။ သင်သည် ’ ဆောင်းပါးတစ်ခုကို ဖတ်နေသောအခါ သို့ ပေါင်းထည့်ရန်၊ ဘွတ်ခ်မက်ခ်များ၊ သိမ်းဆည်းပြီးနှင့် တက်ဘ်များကို လွယ်ကူစွာ ရယူ အသုံးပြုရန် ခေါက်ပြီး ဆွဲချပါ။ ဆောင်းပါးတစ်ခုကို နောင်တွင် ဖတ်ရန် သို့မဟုတ် နောက်ထပ် အင်တာနက် ရှာဖွေ အသုံးပြု တက်ဘ်တစ်ခု ဖွင့်ရခြင်းမှာ ’ အလွန်လွယ်ကူပေသည်။

 
 အင်တာနက် ရှာဖွေ အသုံးပြုခြင်း စာသား ပြန်လည်ဖြန့်ချမှု၊
 

Incognito: ၊ သိလိုသူသည် သင်တစ်ယောက်တည်းသာ ဖြစ်သောအခါ

HTC Sense သည် ၀က်ဘ်ဆိုက် တစ်ခုလုံးတွင် အစအနများ ချန်ထားလိမ့်မည်မဟုတ်ဟု သိထားလျက် ပြီးပြည့်စုံသော ယုံကြည်မှုဖြင့် ၀က်ဘ်ဆိုက်များကို ရှာဖွေအသုံးပြုနိုင်စေသည်။ Incognito သည် ’ သင့်ဖုန်းတွင် သင်မည်သည့်နေရာသို့သွားခဲ့ကြောင်း သဲလွန်စ ’ ချန်မထားကြောင်းလည်း သေချာစေသည်။

မိုဘိုင်းနှင့် ဒက်စတော့ပ် မြင်ကွင်းများ။ ၀က်ဘ်ဆိုက်ကို ရှုထောင့်နှစ်မျိုးမှ ကြည့်မြင်ခြင်း

HTC Sense ဖြင့် ၀က်ဘ်ဆိုက်ကို မိုဘိုင်းဖုန် သို့မဟုတ် ဒက်စတော့ပ် မြင်ကွင်းဖြင့် ကြည့်လိုသလားဆိုသည်ကို ရွေးချယ်ရန် သင့်တွင် လွတ်လပ်ခွင့်ရှိသည်။ လွယ်ကူသည့် လုပ်ကိုင်မှု အဆင့်အနည်းငယ်မျှဖြင့် ဖွင့်ထားသည့် ဘရောက်ဇာ ၀င်ဒိုးအားလုံးတွင် ကြည့်မြင်သည့် ရှုထောင့်ကို တစ်ပြိုင်နက် ပြောင်းလဲနိုင်သည်။ သင် ဒက်စတော့ပ် မြင်ကွင်းသို့ သွားလိုက်သည်နှင့် တစ်ပြိုင်နက် သင်ဖွင့်သည့် နောက်ဆက်တွဲ ၀က်ဘ်ဆိုက်များအားလုံးသည် ဒက်စတော့ပ် ပုံစံဖြင့် ရှိလိမ့်မည်။

 

[1] HTC One V နှင့် HTC Desire C တွင် အမြန် စာဖတ် အင်္ဂါရပ်ကို အသုံး မပြုနိုင်ပါ။