လုံခြုံမှုရှိခြင်းဖော်ပြချက်
သက်ရောက်သောရက်စွဲ- ဇူလိုင်လ ၂၀ ရက်၊ ၂၀၁၁
HTC သည် သင့်လုံခြုံမှုကိုအလေးထားသည်။ HTC ကော်ပိုရေးရှင်းနှင့် အမှတ် ၂၃၊ ရှင်းဟွာလမ်း၊ တာအိုရွမ်မြို့၊ တာအိုရွမ်ကောင်တီ ၃၃၀၊ ထိုင်ဝမ်ရှိရုံးချုပ်နှင့်အတူ အဖွဲ့ဝင်များ (“HTC”) သည် သင်တင်သော (သို့) ၀က်ဘ်ဆိုက်မှတဆင့်ပြုလုပ်ပေးထားသော ကလပ် (သို့) ဖိုရမ်အပါအ၀င် HTC ၀က်ဘ်ဆိုဒ် www.htc.com (ဆိုဒ်) မှ တဆင့် ရယူသော (သို့) သင်ဆိုဒ်သို့ဝင်ရောက်သည့်အခါရယူလိုက်သော ကိုယ်ရေးအချက်အလက်များနှင့် ကိုယ်ရေးမဟုတ်သောအချက်အလက်များ (အောက်တွင်တစ်ခုချင်းစီဖော်ပြထား) အား မည်သို့ရယူအသုံးပြုသည်ကိုသင်နားလည်စေရန် လုံခြုံရေးဆိုင်ရာဖော်ပြချက် (”ဖော်ပြချက်”) အားပြဋ္ဌာန်းထားသည်။ “ သင် ဆိုသည်မှာ ဆိုဒ်အားဝင်ရောက်သူ (သို့) အသုံးပြုသူကိုဆိုလိုသည်။
ဤဖော်ပြချက်သည် ဆိုဒ်မှတဆင့်ရယူသောသတင်းအချက်အလက်များ၏ စုစည်းခြင်း၊ သိမ်းဆည်းခြင်း၊ အသုံးပြုခြင်းနှင့် ထုတ်ဖော်ခြင်းတို့ကိုသာ လွှမ်းခြုံသည်။ ၄င်းသည် HTC မှအခြားနည်းလမ်းများဖြင့်ရယူသော (ဥပမာ - တတိယပုဂ္ဂိုလ်မှ) (သို့) အခြား HTC ၀က်ဘ်ဆိုဒ်များ (ဥပမာ - HTC အွန်လိုင်းစတိုး (သို့) HTC ဆက်စပ်ပစ္စည်းဝက်ဘ်ဆိုဒ်၊ ၄င်းသည်အချို့နယ်ပယ်များတွင်ရနိုင်) (သို့) ၀န်ဆောင်မှုများမှ သတင်းအချက်အလက်များနှင့်မသက်ဆိုင်ပါ။ ၄င်းသည် HTC နှင့်သင့်တွင်ရှိနိုင်သော အခြားသဘောတူညီချက်များအားပြင်ဆင်ခြင်း (သို့) ပြောင်းခြင်း (သို့) နောက်မှထည့်ခြင်းတို့ကိုလည်းမပြုလုပ်ပါ။ ဥပမာ - HTC သည် သင့်သတင်းအချက်အလက်များကို တတိယပုဂ္ဂိုလ်ထံမှရယူခဲ့ပါက ၄င်းသတင်းအချက်အလက်များကို စုစည်းခြင်း၊ သိမ်းဆည်းခြင်း၊ အသုံးပြုခြင်း၊ ထုတ်ဖော်ခြင်းတို့အား တတိယပုဂ္ဂိုလ်၏လုံခြုံရေးဖော်ပြချက်အရ ဤဖော်ပြချက်သည် တတိယပုဂ္ဂိုလ်မှ HTC သို့ပေးသောသတင်းအချက်အလက်များအား HTC မှအသုံးပြုခြင်းကိုသာထိန်းချုပ်မည်ဟုညွှန်းဆိုမထားပါက HTC နှင့်သင် (သို့) HTC နှင့်တတိယပုဂ္ဂိုလ်တို့အကြားသဘောတူညီချက်ဖြင့်သာ ထိန်းချုပ်မည်။ ထို့အတူ သင်သည် ၀ယ်ယူသူဝန်ဆောင်မှုသို့ဖုန်းခေါ်ခြင်း (သို့) အရောင်းမြှင့်တင်ခြင်း (သို့) ကုန်ပစ္စည်းမှတ်ပုံတင်ခြင်းနှင့်ပတ်သက်သော ကိုယ်ရေးအချက်အလက်များကို စာတိုက်မှတဆင့်ပို့ပေးခြင်းစသောအခြားနည်းလမ်းများဖြင့် သင့်ကိုယ်ရေးအချက်အလက်များကို HTC သို့ပေးခဲ့ပါက ဤဖော်ပြချက်သည် အဆိုပါသတင်းအချက်အလက်များနှင့်မသက်ဆိုင်ပါ။
ဤဖော်ပြချက်သည် ရေးသားထားသောသဘောတူညီချက်အတိုင်း အကျိုးသက်ရောက်မှုရှိကြောင်း သင်သိရှိသဘောတူရမည်။ ဆိုဒ်ကိုဝင်ရောက်ခြင်း (သို့) အသုံးပြုခြင်း (သို့) ဆိုဒ်မှတဆင့် HTC သို့ သတင်းအချက်အလက်ပေးခြင်းအားဖြင့် သင်သည် ဤဖော်ပြချက်ပါအကြောင်းအရာများကိုကြည့်ရှုပြီးဖြစ်ကာ ဖော်ပြချက်တွင်ဆိုထားသော လုပ်နည်းလုပ်ထုံးများအတွက်သဘောတူညီပြီးကြောင်း သင်သိရှိရမည်။
- HTC မှရယူသောသတင်းအချက်အလက်
- HTC’ မှသုံးသော ကိုယ်ရေးအချက်အလက်
- ကိုယ်ရေးအချက်အလက်များမျှဝေခြင်း
- ကွတ်ကီးနှင့်အခြားနည်းပညာများ
- ကလေးများ’ ၏ကိုယ်ရေးအချက်အလက်
- ပိုမိုနှစ်သက်သောဆက်သွယ်ရေး
- ကိုယ်ရေးအချက်အလက်များအားဝင်ရောက်ခြင်းနှင့်အသစ်ဖြည့်စွက်ခြင်း
- ကိုယ်ရေးအချက်အလက်များ၏လုံခြုံမှု
- တတိယပုဂ္ဂိုလ်၏ဆိုက်များနှင့်ဝန်ဆောင်မှုများ
- ဤဖော်ပြချက်အတွက်ပြောင်းလဲမှုများ
- HTC အားမည်သို့ဆက်သွယ်ရန်
- HTC မှရယူသောသတင်းအချက်အလက်. ဆိုက်ကိုသင်ဝင်ရောက်ပါက HTC မှအချို့သောကိုယ်ရေးအချက်အလက်များနှင့် ကိုယ်ရေးမဟုတ်သောအချက်အလက်များကို ရယူမည်။
- ကိုယ်ရေးအချက်အလက်. ဤဖော်ပြချက်တွင် ကိုယ်ရေးအချက်အလက်ဆိုသည်မှာ သက်ဆိုင်ရာဥပဒေများမှထပ်မံအဓိပ္ပါယ်ဖွင့်ဆိုထားသည့်အတိုင်း သက်သေပြနိုင်သောပုဂ္ဂိုလ်တစ်ဦး၏အချက်အလက်များကိုဆိုလိုသည်။ HTC သည် ကိုယ်ရေးအချက်အလက်များကို သင်ဆိုက်တွင်တင်လိုက်သော ရယူလိုက်သည် (ဥပမာ - e-Club (သို့) YouClub ကလပ်အသင်းဝင်ရန်အမည်စာရင်းပေးသောအခါ၊ အရောင်းမြှင့်တင်ခြင်းများ (သို့) စစ်တမ်းများတွင် သင်ပါဝင်လိုက်သောအခါ၊ ပစ္စည်း၏ဖော်ပြချက်များကို မိတ်ဆွေများဆီအီးမေးလ်ပို့သောအခါ) ရယူထားသောကိုယ်ရေးအချက်အလက်တွင် သင့်အမည်၊ မွေးနေ့၊ လိပ်စာ၊ မိုဘိုင်း၊ ဖုန်း (သို့) ဖက်စ်နံပါတ်၊ အီးမေးလ်လိပ်စာ၊ IP လိပ်စာ၊ အကောင့်အချက်အလက် (အကောင့်နှင့်အွန်လိုင်းမှတ်ပုံတင်ခြင်းကဲ့သို့)၊ အွန်လိုင်းလုပ်ဆောင်မှုများနှင့် အခြားတိကျသောကိုယ်ရေးအချက်အလက်များပါဝင်နိုင်သည်။ အချို့အခြေအနေတွင် HTC မှသင့်အား ကိုယ်ရေးအချက်အလက်များပေးရန်တောင်းခံပါက ၄င်းသည် လုပ်ဆောင်မှု၊ ၀န်ဆောင်မှု (သို့) အရောင်းမြှင့်တင်ခြင်းတစ်ခုခုတွင်ပါဝင်ရန် မပေးမနေပေးရမည့်ကိုယ်ရေးအချက်အလက်ဖြစ်သည်။ သင့်ကိုယ်ရေးအချက်အလက်များကိုမပေးပါက ထိုလုပ်ဆောင်မှု၊ ၀န်ဆောင်မှု (သို့) အရောင်းမြှင့်တင်ခြင်းတွင် သင့်၏ပါဝင်နိုင်မှုသည် အကန့်အသတ်ရှိခြင်း (သို့) တားမြစ်ခြင်းတို့ဖြစ်နိုင်သည်။ ဥပမာ - ကလပ်အသင်းဝင်အတွက် အမည်စာရင်းပေးသောအခါ လိုအပ်သောနေရာတွင် ကိုယ်ရေးအချက်အလက်များကိုမပေးဖို့သင်ရွေးချယ်ပါက သင်သည် HTC ၏ကလပ်အသင်းဝင်ဖြစ်မလာနိုင်ပါ။
- ကိုယ်ရေးမဟုတ်သောအချက်အလက်များ. HTC သည်အချို့သောကိုယ်ရေးမဟုတ်သည့်အချက်အလက်များကိုလည်း ၀ယ်ယူသူ၏အပြုအမူကိုပိုမိုနားလည်စေရန်နှင့် HTC ၏၀န်ဆောင်မှုများ၊ ထုတ်ကုန်ပစ္စည်းများနှင့်ကြော်ငြာတို့ကိုအဆင့်မြင့်စေရန် ရယူသည်။ ကိုယ်ရေးမဟုတ်သောအချက်အလက်ဆိုသည်မှာ ပုံစံထဲရှိဒေတာများသည် သက်သေခံနိုင်သောပုဂ္ဂိုလ်နှင့်တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေဆက်စပ်မှုမရှိခြင်းဖြစ်သည်။ ဥပမာ - လိင်၊ ဘာသာစကား၊ ဇစ်ကုဒ်၊ ဧရိယာကုဒ်၊ ထူးခြားသော ကိရိယာခွဲခြားသည့်အရာ၊ တည်နေရာ၊ HTC ပစ္စည်း (သို့) ၀န်ဆောင်မှုကိုသုံးသည် အချိန်ဇုန်၊ ဆိုက်ပေါ်ရှိဝယ်ယူသူ၏လုပ်ဆောင်ချက်နှင့်ပတ်သက်သောသတင်းအချက်အလက်။ HTC သည်သင်ဆိုဒ်သို့ဝင်ရောက်သောအခါ ဤကိုယ်ရေးမဟုတ်သောအချက်အလက်အချို့ကို အလိုအလျောက်ရယူသည်။ ကိုယ်ရေးမဟုတ်သောအချက်အလက်များကို ကိုယ်ရေးအချက်အလက်များနှင့်ပေါင်းလိုက်ပါက ပေါင်းထားသောသတင်းအချက်အလက်များကို ပေါင်းထားသရွေ့ ကိုယ်ရေးအချက်အလက်များအဖြစ်သတ်မှတ်မည်။
- မိမိဆန္ဒဖြင့်ထုတ်ဖော်ခြင်း ထပ်ဆောင်းကိုယ်ရေးအချက်အလက်များအား HTC မှမတောင်းခံပဲ မိမိဆန္ဒအလျောက်ထုတ်ဖော်ကာ ထိုအချက်အလက်များကိုအထူးကရုစိုက်ကာကွယ်ရန် HTC ကိုလည်းအသိပေးခြင်းမရှိပါက ဤလုံခြုံရေးဖော်ပြချက်အောက်တွင် ယင်းသတင်းအချက်အလက်များအတွက် HTC မှတာဝန်ယူမည်မဟုတ်ပါ။ သက်ဆိုင်ရာဥပဒေနှင့်အညီ HTC မှမဖြစ်မနေသုံးရ၊ ကာကွယ်ရသောသတင်းအချက်အလက်များကိုသာ တာဝန်ယူမည်ဖြစ်သည်။
- HTC’ မှသုံးသော သတင်းအချက် HTC သည် ဤဖော်ပြချက်တွင် ပြဋ္ဌာန်းထားသောရည်ရွယ်ချက်များအတွက်သာ သင့်သဘောတူညီချက်နှင့်အညီ (သို့) ဥပဒေအရလိုအပ်ခြင်း (သို့) ခွင့်ပြုထားခြင်းဖြင့်သာ ကိုယ်ရေးအချက်အလက်များကိုသုံးမည်ဖြစ်သည်။ သဘောတူညီချက်သည် ဖော်ပြခြင်း (သို့) ညွှန်းဆိုခြင်းဖြစ်နိုင်ပြီး၊ ရေးသားခြင်း၊ သုံးမသုံးအမှန်ခြစ်ခြစ်ခြင်း၊ အီလက်ထရောနစ်နည်းအားဖြင့်၊ နှုတ်အားဖြင့် (သို့) ဆိုက်ကိုဝင်ရောက်ခြင်းနှင့် ဆိုက်မှပေးသောဝန်ဆောင်မှုများနှင့်ထုတ်ကုန်ပစ္စည်းများကိုသုံးခြင်းစသော သင့်လုပ်ဆောင်ချက်အားဖြင့်လည်းပေးနိုင်သည်။ အီလက်ထရောနစ်နည်းအားဖြင့်ပေးသောသဘောတူညီမှုသည် ရေးသားခြင်းဖြင့်ပေးသောသဘောတူညီချက်နှင့်တူညီကြောင်း သင်သဘောတူရမည်။ အချို့သောတရားစီရင်ပိုင်ခွင့်များတွင် ညွှန်းဆိုသောသဘောတူညီချက်သည်မလုံလောက်ပါ၊ ယင်းအခြေအနေတွင် ဖော်ပြသောညွှန်းဆိုချက်လိုမည်ဖြစ်သည်။ HTC သည် ရယူထားသော ကိုယ်ရေးအချက်အလက်များကို အောက်ပါရည်ရွယ်ချက်များအတွက် လုပ်ဆောင်၊ သုံးစွဲမည်ဖြစ်သည်။ သင်အသုံးပြုနေသောလုပ်ဆောင်မှုများလုပ်ဆောင်နိုင်စေရန်၊ ၀က်ဘ်ဆိုက်၊ လုပ်ငန်း၊ ထုတ်ကုန်ပစ္စည်း၊ ၀န်ဆောင်မှု၊ ပါဝင်သောအကြောင်းအရာနှင့်ကြော်ငာများ လည်ပတ်၊ ဖန်တီး၊ တိုးတက်စေရန်၊ HTC ၏နောက်ဆုံးပေါ်ထုတ်ကုန်ပစ္စည်းကြေငြာချက်များ၊ ဆော့ဖ်ဝဲလ်အသစ်များနှင့်ဝန်ဆောင်မှုများအကြောင်း သင့်ကိုအသိပေးရန်၊ သင့်အားပိုမိုထိရောက်မှုရှိသောဝယ်ယူသူဝန်ဆောင်မှုပေးရန်၊ HTC ၏လုပ်ငန်း၊ ထုတ်ကုန်ပစ္စည်းနှင့်အခြားဝန်ဆောင်မှုများဆန်းစစ်ရန်၊ လိမ်လည်မှုနှင့်အလွဲသုံးစားမှုတို့ကိုစစ်ဆေးရန်၊ သို့မဟုတ် ဆိုက်၏သတ်မှတ်ချက်များနှင့်အခြေအနေများတွင်ဖော်ပြထားသည့်အတိုင်း၊ သင့်တွင် HTC ပစ္စည်းရှိပါက သင့်၏နောက်ဆုံးအသုံးပြုသူလိုင်စင်သဘောတူညီအချက်အတိုင်းဖြစ်သည်။ HTC သည် သင့်၏ဆိုက်အားသုံးစွဲနေခြင်းကိုထိန်းချုပ်သော သတ်မှတ်ချက်များနှင့်မူဝါဒများကို ပြုဋ္ဌာန်းရန် (ဖြစ်နိုင်ချေရှိသောချိုးဖောက်ခြင်းများအား စုံစမ်းစစ်ဆေးခြင်းအပါအ၀င်)၊ လုံခြုံရေးချွတ်ယွင်းမှုများ၊ လိမ်လည်ခြင်းများ (သို့) နည်းပညာဆိုင်ရာပြဿနာများကို စုံစမ်း (သို့) ကာကွယ်ရန်၊ HTC နှင့် ၀ယ်ယူသူများ၏ ပိုင်ဆိုင်ပစ္စည်း (သို့) အခွင့်ရေးတို့ကိုကာကွယ်ရန်အတွက် ကိုယ်ရေးအချက်အလက်များကို စိစစ်၊ ၀င်ရောက်၊ အသုံးပြု၊ သိမ်းဆည်း၊ ထုတ်ဖော်ခြင်းများကို ပြုလုပ်နိုင်သည်။ ထိုနည်းတူ HTC သည်သင်နှင့်ဆက်သွယ်ရန် သင့်ကိုယ်ရေးအချက်အလက်များကိုသုံးနိုင်သည်၊ HTC မှ ကြိုဆိုသောအီးမေးလ်များ၊ နည်းပညာဝန်ဆောင်မှုကိစ္စများအတွက်သတင်းအချက်အလက်များ၊ လုံခြုံရေးကြေငြာချက်များနှင့် ကျွန်ုပ်တို့၏သတ်မှတ်ချက်နှင့်အခြေအနေ၊ မူဝါဒများ၏ အပြောင်းအလဲသတင်းများအတွက် ၀န်ဆောင်မှုအကြောင်းကြားချက်များကို သင့်ထံပို့နိုင်သည်။ HTC မှ ရံဖန်ရံခါ ထုတ်ကုန်ပစ္စည်းစစ်တမ်းများ (သို့) အရောင်းမြှင့်တင်ခြင်းကြော်ငြာများကို HTC မှရနိုင်သော အခြားထုတ်ကုန်ပစ္စည်းများ (သို့) ၀န်ဆောင်မှုများအကြောင်းသင့်ကိုအသိပေးရန်နှင့် အရောင်းမြှင့်တင်ရေးများဆောင်ရွက်ရန် သင်ထံပို့နိုင်သည်။ ဆိုက်မှရယူသောကိုယ်ရေးအချက်အလက်များကို ထိုင်ဝမ်၊ EEA၊ အမေရိကန်ပြည်ထောင်စုနှင့် HTC (သို့) ၄င်း၏၀န်ဆောင်မှုပေးသူများ အထောက်အပံ့ပစ္စည်းပေးထားသည့်မည်သည့်နိုင်ငံတွင်မဆို သိမ်းဆည်းခြင်း၊ အသုံးပြုလုပ်ဆောင်ခြင်းတို့ပြုလုပ်နိုင်သည်။ ဆိုက်ကိုသုံးခြင်းအားဖြင့် သင်နေထိုင်ရာနိုင်ငံပြင်ပသို့ သတင်းအချက်အလက်များ လွှဲပြောင်းခြင်း၊ မှတ်သားခြင်းနှင့်သိမ်းဆည်းခြင်းတို့ပြုလုပ်ရန် သင်သဘောတူပြီးဖြစ်သည်။ လုပ်ဆောင်ခြင်းအတွက် တရားစီရင်ပိုင်ခွင့်နောက်တစ်ခုတွင် သတင်းအချက်အလက်များအား တရားရုံးများ၊ ဥပဒေပြဋ္ဌာန်းမှုနှင့်အမျိုးသားလုံခြုံရေးအာဏာပိုင်တို့မှ ၀င်ရောက်ကြည့်ရှုနိုင်သည်။ HTC သည် ကိုယ်ရေးအချက်အလက်များအား သင့်တောင်းဆိုမှုကြောင့်ဖျက်ရသည်ဖြစ်စေ၊ အခြားအကြောင်းကြောင့်ဖြစ်စေ သင်တင်သည့်နေ့မှစ၍ဖျက်ပစ်သည့်နေ့အထိ အသုံးပြုနိုင်သည်။
- ကိုယ်ရေးအချက်အလက်များမျှဝေခြင်း ဤဖော်ပြချက်တွင်ပါရှိခြင်း (သို့) ဥပဒေအရခွင့်ပြုခြင်းတို့မှလွဲ၍ HTC သည်သင့်ကိုယ်ရေးအချက်အလက်များကို HTC နှင့်၎င်း၏အဖွဲ့ဝင်များပြင်ပသို့ သင့်သဘောတူညီချက်မပါပဲ ထုတ်ဖော်မည်မဟုတ်ပါ။ ဤဖော်ပြချက်တွင်ဆိုထားသည့်အတိုင်း သင့်ကိုယ်ရေးအချက်အလက်များကိုထုတ်ဖော်ရန် သင့်ဒီနေရာတွင်သဘောတူညီရမည်။ HTC သည် ဤဖော်ပြချက်၊ အပိုင်း ၁ တွင်ဆိုထားသည့်အတိုင်း ကိုယ်ရေးအချက်အလက်များကို တတိယပုဂ္ဂိုလ်ဝန်ဆောင်မှုပေးသူများထံ ထုတ်ဖော်နိုင်သည်။ သို့မှသာ HTC အတွက်အရောင်းအ၀ယ်ကိစ္စများပြီးမြောက်စေခြင်း (သို့) ၀န်ဆောင်မှုများဆောင်ရွက်ခြင်းတို့လုပ်ဆောင်နိုင်မည်။ ဥပမာ - HTC သည် တတိယပုဂ္ဂိုလ်နှင့်စာချုပ်ချုပ်ပြီး ဆိုက်ကိုလက်ခံဆောင်ရွက်ခြင်း၊ ထုတ်ကုန်ဆန်းစစ်ခြင်းများစုစည်းတင်ပြခြင်း၊ အရောင်းမြှင့်တင်ခြင်း (သို့) စစ်တမ်းများပြုလုပ်ခြင်း၊ HTC ၏အီးမေးလ်များပို့၍ ထုတ်ကုန်ပစ္စည်းမှာယူခြင်းနှင့် အရောင်းမြှင့်တင်ခြင်းတို့ဆောင်ရွက်ခြင်းတို့ ဆောင်ရွက်နိုင်သည်။ HTC သည် တတိယပုဂ္ဂိုလ်ဝန်ဆောင်မှုပေးသူများသို့ထုတ်ဖော်သော ကိုယ်ရေးအချက်အလက်များကိုကာကွယ်ရန် ချုပ်ဆိုထားသောသဘောတူညီချက်ကိုအသုံးပြုမည်။ အဆိုပါတတိယပုဂ္ဂိုလ်ဝန်ဆောင်မှုပေးသူနှင့်ပတ်သက်၍ HTC ၏လုပ်ထုံးလုပ်နည်းများအတွက် ထပ်မံသိရှိလိုပါက (သို့) အဆိုပါတတိယပုဂ္ဂိုလ်ဝန်ဆောင်မှုပေးသူအားဖြင့် ကိုယ်ရေးအချက်အလက်များရယူခြင်း၊ သုံးခြင်း၊ ထုတ်ဖော်ခြင်း (သို့) သိမ်းဆည်းခြင်းတို့အတွက် သိလိုသည်များရှိပါက ဤဖော်ပြချက်၏ အပိုင်း ၁၁ တွင်ဖော်ပြထားသည့်အတိုင်း လုံခြုံရေးစီမံခန့်ခွဲသူအားဆက်သွယ်ပါ။ HTC သည် ဥပဒေနှင့်ဥပဒေဆိုင်ရာတောင်းဆိုချက် (သို့) ဥပပေဒဆိုင်ရာလုပ်ငန်းစဉ်တို့ကိုလိုက်နာရန်၊ ဖြစ်နိုင်ချေရှိသောချိုးဖောက်ခြင်းများ၊ လုံခြုံရေး၊ လိမ်လည်မှု (သို့) နည်းပညာပြဿနာများကို စစ်ဆေးခြင်း (သို့) ကာကွယ်ခြင်းအပါအ၀င် သင့်၏ဆိုက်အားသုံးစွဲနေခြင်းကိုထိန်းချုပ်သော သတ်မှတ်ချက်များနှင့်မူဝါဒများကို ပြုဋ္ဌာန်းရန်၊ HTC နှင့် ၀ယ်ယူသူများ၏ ပိုင်ဆိုင်ပစ္စည်း (သို့) အခွင့်ရေးတို့ကိုကာကွယ်ရန်၊ HTC၊ ၄င်း၏၀န်ထမ်းများနှင့်ဝယ်ယူသူများ (သို့) အများပြည်သူတို့၏ကိုယ်ပိုင်အန္တရာယ်ကာကွယ်ရေးအတွက် ထုတ်ဖော်ခြင်းလိုအပ်သည်ဟုယုံကြည်ပါက ကိုယ်ရေးအချက်အလက်များကို စိစစ်၊ ၀င်ရောက်၊ အသုံးပြု၊ သိမ်းဆည်း၊ ထုတ်ဖော်ခြင်းများကို ပြုလုပ်နိုင်သည်။ ထို့အတူ HTC သည် အောက်ပါအကြောင်းအရာတို့နှင့်ဆက်စပ်ပြီး (၄င်းတို့သာလျှင်တော့မဟုတ်) ကိုယ်ရေးအချက်အလက်များကိုထုတ်ဖော်နိုင်သည်။
- အချို့လုပ်ငန်းဆိုင်ရာငွေလွှဲပြောင်းမှုများ. HTC သည် ကိုယ်ရေးအချက်အလက်များကို ကုမ္ပဏီပူးပေါင်းခြင်း (သို့) အဖိုးတန်ပစ္စည်းများရယူခြင်း၊ ဖက်စပ်လုပ်ခြင်း၊ ပူးပေါင်း၍ပြန်လည်ဖွဲ့စည်းခြင်း၊ ငွေကြေးမတည်ခြင်း၊ (သို့) ကုမ္ပဏီ၏အဖိုးတန်းပစ္စည်းရောင်းချခြင်း (တင်ပြထားသော ကုန်သွယ်မှုဆိုင်ရာလုပ်ငန်းအရောင်းအ၀ယ်အတွက် သေချာသောရည်ရွယ်ချက်များအပါအ၀င်) စသော အသင်းအဖွဲ့လုပ်ငန်းအရောင်းအ၀ယ်ကိစ္စ၏တစ်စိတ်တစ်ပိုင်းအနေဖြင့် ထုတ်ဖော်နိုင်သည်။ HTC သည် ကိုယ်ရေးအချက်အလက်များကို ကြွေးမြီမဆပ်နိုင်ခြင်း၊ ဒေ၀ါလီခံခြင်း၊ (သို့) ရယူပိုင်ခွင့်ရှိသည့်ကိစ္စရပ်များတွင် တတိယပုဂ္ဂိုလ်သို့ အရောင်းအ၀ယ်လုပ်ရာတွင် ကိုယ်ရေးအချက်အလက်များအား လုပ်ငန်း၏အဖိုးတန်ပစ္စည်းများအနေဖြင့်လွှဲပြောင်းရခြင်းစသောအခြေအနေများတွင် ထုတ်ဖော်နိုင်သည်။
- အမှတ်တံဆိပ်နှစ်ခုယှဉ်တွဲဝန်ဆောင်မှုများ. ဆိုက်နှင့်ဆက်သွယ်နေသောအချို့ဝန်ဆောင်မှုများသည် အမှတ်တံဆိပ်ယှဉ်တွဲထားနိုင်ပြီး၊ နောက်ကုမ္ပဏီတစ်ခုနှင့်အတူလုပ်ဆောင်ခြင်းဖြစ်သည်။ သင်သည် ထိုဝန်ဆောင်မှုများအတွက်မှတ်ပုံတင်ခြင်း (သို့) သုံးခြင်းပြုပါက HTC နှင့်အခြားကုမ္ပဏီနှစ်ခုလုံးသည် အမှတ်တံဆိပ်နှစ်ခုယှဉ်တွဲဝန်ဆောင်မှုနှင့်ဆက်စပ်၍ရယူထားသော ကိုယ်ရေးအချက်အလက်များကို ရရှိနိုင်သည်။
- အခြားရည်ရွယ်ချက်များ. HTC သည် အချိန်နှင့်အမျှသင့်ဘက်မှသဘောတူညီထားသည့်အတိုင်း ကိုယ်ရေးအချက်အလက်များကိုထုတ်ဖော်နိုင်သည်။ ကိုယ်ရေးအချက်အလက်များရယူစဉ်ကဆိုထားသော အခြားရည်ရွယ်ချက်များကိုဖြစ်မြောက်စေရန်အပါအ၀င်ဖြစ်သည်။
HTC သည် လွှဲပြောင်းထားသောကိုယ်ရေးအချက်အလက်များ၏လုံခြုံရေးကိုကာကွယ်ရန် ဥပဒေအရလိုအပ်သော လုပ်ဆောင်မှုများကို လုပ်ဆောင်မည်။ အချို့တရားစီရင်မှုများသည် ဥပဒေအရ (သို့) တရားရုံးအမိန့်နှင်အညီဖြစ်ပါက အကောင့်ဆိုင်ရာအချက်အလက်နှင့်ပါဝင်သည့်အရာများကိုသာ ထုတ်ဖော်ရန်ခွင့်ပြုသည်။ ထို့ကြောင့် အထက်ပါအပိုင်းသည် သင်နှင့်မသက်ဆိုင်ပါ။ - ကွတ်ကီးနှင့်အခြားနည်းပညာများ HTC ၀က်ဘ်ဆိုက်များ၊ ၀န်ဆောင်မှုများ၊ အပြန်အလှန်အက်ပလီကေးရှင်းများ၊ အီးမေးလ်စာများ၊ ကြော်ငြာများသည် ကွတ်ကီးနှင့် ပစ်စဲလ်တက်၊ ဖလက်ရှက်ကွက်ကီးနှင့် ၀က်ဘ်ဘီကွန်စသောနည်းလမ်းများကို အသုံးပြုနိုင်သည်။ ကွတ်ကီးသည် HTC ဆာဗာမှ တိကျသောသတင်းအချက်အလက်များ သိမ်းဆည်းရန် (သို့) ”မှတ်မိ”ရန် သိမ်းဆည်းခြင်းအတွက် သင့်ကွန်ပျူတာသို့ ဆိုက်မှလွှဲပြောင်းပေးသော သေးငယ်သည့်ဒေတာဖိုင်တစ်ခုဖြစ်သည်။ ထိုနည်းပညာများသည် HTC အား အသုံးပြုသူ၏အလေ့အထနှင့်ဆိုက်သုံးစွဲမှုကို ပိုမိုနားလည်စေရန်ကူညီပြီး ၄င်းသည် HTC အားခေတ်ရေစီးကြောင်းကိုဆန်းစစ်ခြင်းနှင့် ဆိုက်ကိုစီမံခန့်ခွဲခြင်းတို့အားပြုလုပ်စေနိုင်သည်။ HTC သည် ဆိုက်ပေါ်တွင်မှတ်ပုံတင်ခြင်း၏သမာဓိရှိမှုကို ထောက်ပံ့ကူညီရန်နှင့် ဈေးကွက်လုပ်ဆောင်မှုများကိုခြေရာခံရန် ”ကွတ်ကီးများ” နှင့် အခြားခြေရာခံခြင်းနည်းများကိုသုံးနိုင်သည်။ HTC သည် ၄င်းခြေရာခံခြင်းအားကူညီရန်နှင့် တစ်ဦးချင်းဆိုက်အသုံးပြုမှုကိုပေါင်းစည်းရန်အတွက် တတိယပုဂ္ဂိုလ်ဝန်ဆောင်မှုပေးသူများအား သတင်းအချက်အလက်များကိုရယူရန်လည်းခွင့်ပြုထားသည်။ HTC သည် ကွတ်ကီးများနှင်အခြားနည်းပညာများအားဖြင့်ရယူထားသော သတင်းအချက်အလက်အများစုကို ကိုယ်ရေးမဟုတ်သောအချက်အလက်များအဖြစ်သတ်မှတ်သည်။ သို့သော် ဒေသဆိုင်ရာဥပဒေအရ ကိုယ်ရေးအချက်အလက်ဟုသတ်မှတ်သောအတိုင်းအတာအထိ HTC မှလည်း ကိုယ်ရေးအချက်အလက်အဖြစ် သတ်မှတ်သည်။ HTC နှင့်၎င်း၏လုပ်ဖော်ကိုင်ဖက်များသည် သင်ဘက်မှကျွန်ုပ်တို့၏ဆိုက်၊ ၀န်ဆောင်မှုနှင့်အက်ပလီကေးရှင်းများကိုသုံးသောအခါ သင်ပြုလုပ်သောအပြောင်းအလဲများကိုမှတ်သားရန်နှင့် သင့်၏အသုံးပြုသူအတွေ့အကြုံကိုတိုးတက်စေရန် ကွတ်ကီးများနှင့် အခြားနည်းပညာများကို ကိုယ်ရေးအချက်အလက်များမှတ်မိစေရန် သုံးနိုင်သည်။ သင့်အားဆက်သွယ်နိုင်သောအချက်အလက်များနှင့် သင့်ဖုန်း၏အချက်အလက်များကိုပေးခြင်းအားဖြင့် သင့်ပစ္စည်းများအား HTC တွင်မှတ်ပုံတင်နိုင်ပြီး၊ HTC အားသင့်အတွက်ပိုမိုကောင်းမွန်သောဝန်ဆောင်မှုကိုပေးစေနိုင်သည်။ သင်သည် ကွတ်ကီးများကိုလက်ခံရန်ရွေးချယ်စရာမလိုပါ။ အချို့တရားစီရင်ခြင်းများတွင် သင်တောင်းဆိုထားသောဝန်ဆောင်မှုအားပေးရန်မရှိမဖြစ်လိုအပ်ခြင်းမဟုတ်သောကွတ်ကီးများကို သင့်ကြိုတင်သဘောတူညီမှုမရှိပဲ အသုံးမပြုနိုင်ပါ။ သို့သော် ကွတ်ကီးပုံစံများအားလုံးကိုလက်မခံရန်ရွေးချယ်ပါက အချို့သောဆိုက်လုပ်ငန်းစဉ်များနှင့် လုပ်ဆောင်မှုများသည် ကောင်းစွာ (သို့) လုံးဝအလုပ်လုပ်တော့မည်မဟုတ်ပါ။ သင့်ဘရောက်စာနှစ်သက်မှုများကိုပြင်ဆင်ခြင်းအားဖြင့် အချို့ကွတ်ကီးများကိုအလုပ်မလုပ်ရန်လုပ်ထားနိုင်သည်။ ကျေးဇူးပြု၍ ကွတ်ကီးနှင့်၎င်းတို့အားအလုပ်မလုပ်ရန်မည်သို့ပြုလုပ်နိုင်ကြောင်း ထပ်မံသိရှိရန် http://www.allaboutcookies.org/ သို့ဝင်ရောက်ကြည့်ရှုပါ။
- ကလေးများ၏ကိုယ်ရေးအချက်အလက်များ ဆိုက်သည် ၁၃ နှစ်အောက်ကလေးများအတွက် ရည်ရွယ်ခြင်းမရှိပါ။ HTC သည် ၁၃ အောက်ဖြစ်သူမည့်သူ့ထံမှ ကိုယ်ရေးအချက်အလက်များရယူလိုခြင်းမရှိပါ။ သင်သည် ၁၃ နှစ်အောက်ဖြစ်ပါက ဆိုက်ကိုမ၀င်ရောက်သင့်ပါ၊ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ် (သို့) အီးမေးလ်လိပ်စာစသော သင်နှင့်ပတ်သက်သည့် အချက်အလက်များကို (တိုက်ရိုက် (သို့) သတင်းလွှာ၊ ဘလော့ဂ် စသည်) HTC သို့မပေးသင့်ပါ။ သင်သည် အသက် ၁၃ နှစ် (သို့) ကျော်သည်၊ သို့သော် ဒေသဆိုင်ရာဥပဒေအရ လူကြီးအဖြစ်သတ်မှတ်မခံရသေးပါက (နိုင်ငံအများစုတွင် ၁၈ နှစ်) ဆိုက်သို့ဝင်သင့်မ၀င်သင့်၊ HTC သို့ ကိုယ်ရေးအချက်အလက်များပေးသင့်မသင့်မဆုံးဖြတ်ခင် သင့်မိဘ (သို့) အုပ်ထိန်းသူနှင့် ဤလုံခြုံမှုဖော်ပြချက်ကို သင့်နှင့်သင့်မိဘ (သို့) အုပ်ထိန်းသူသေချာနားလည်စေရန် ဖတ်ရှုသင့်သည်။ မိဘများနှင့်အုပ်ထိန်းသူများအား ၄င်းတို့၏ကလေးများ အင်တာနက်၊ မိုဘိုင်းနှင့်အခြားကိရိယာများသုံးစဉ် စောင့်ကြပ်ရန် အကြံပြုပါသည်။ HTC မှ ၁၃ နှစ်အောက်ကလေး၏ကိုယ်ရေးအချက်အလက်ကိုတွေ့ရှိခဲ့ပါက HTC သည်ထိုသတင်းအချက်အလက်ကိုဖျက်ပစ်လိမ့်မည်။ သင်စပိန်တွင်နေပါက ဤအပိုင်း ၅ သည် ၁၄ အောက်ကလေးများနှင့်သက်ဆိုင်သည်။ ဗီယက်နမ်တွင်နေထိုင်ပါက ဤအပိုင်း ၅ သည် ၁၅ နှစ်အောက်ကလေးများနှင့်သက်ဆိုင်သည်။ နယ်သာလန်တွင်နေထိုင်ပါက ဤအပိုင်း ၅ သည် ၁၆ နှစ်အောက်ကလေးများနှင့်သက်ဆိုင်သည်။ ပြင်သစ်တွင်နေထိုင်ပါက ဤအပိုင်း ၅ သည် ၁၈ နှစ်အောက်ကလေးများနှင့်သက်ဆိုင်သည်။
- သတင်းပေးခြင်းနှစ်သက်မှုများ ရောင်းချမှုသတင်းပေးခြင်းရယူရန် သင်သဘောတူခဲ့ပါက HTC မှ သင်စိတ်ဝင်စားမည်ဟုယူဆသော (သို့) ရယူမည်ဟုသင်သဘောတူထားသော ထုတ်ကုန်ပစ္စည်းများ၊ ၀န်ဆောင်မှုများ (သို့) အခြားရောင်းချမှုဆိုင်ရာများအကြောင်း သင့်ထံအီးမေးလ်ပို့မည်ဖြစ်သည်။ နောက်ပိုင်း HTC မှရောင်းချမှုသတင်းပေးခြင်းဆိုင်ရာအီးမေးလ်များအတွက် အောက်ပါညွှန်ကြားချက်များကိုလုပ်ဆောင်ခြင်းအားဖြင့် သက်ဆိုင်ရာဆက်သွယ်မှုတွင် သင်လက်မခံရန်ရွေးချယ်နိုင်သည်။ နောက်ပိုင်းရောင်းချမှုသတင်းပေးခြင်းဆိုင်ရာအီးမေးလ်များကို သင့်လက်မခံပါက အထောက်အပံ့၊ ဆော့ဖ်ဝဲလ်နှင့်လုံခြုံရေးအသစ်ပြောင်းလဲမှုများ၊ ထုတ်ကုန်ပစ္စည်းအားပြန်လည်သိစေသောသတင်းအချက်အလက် (၄င်းတို့သာလျှင်မဟုတ်) စသည့် ၀န်ဆောင်မှုသတင်းပေးခြင်းများအား HTC မှသင့်အားဆက်လက်ပေးပို့နေမည်ဖြစ်သည်။
- ကိုယ်ရေးအချက်အလက်များအားဝင်ရောက်ခြင်းနှင့်အသစ်ပြင်ဆင်ခြင်း သင့်၏ကိုယ်ရေးအချက်အလက်များကို ၀င်ရောက်ခြင်း၊ ကူးယူခြင်း၊ အသစ်ပြင်ဆင်ခြင်း၊ ဖျက်ခြင်းတို့ကို ဥပဒေအရထိန်းသိမ်းထားရန်မလိုအပ်သည့်အတိုင်းအတာအထိ ဆိုက်တွင် သင်ပေးထားသောမှတ်ပုံတင်ခြင်းအချက်အလက်များကို ပြောင်းလဲခြင်းအားဖြင့် ပြုလုပ်နိုင်သည်။ သင့်၏အသုံးပြုသူအမည်၊ လျှို့ဝှက်နံပါတ်တို့နှင့်အတူ ၀င်ရောက်ရန်လိုအပ်သည်။ HTC မှ သင့်ကိုယ်ရေးအချက်အလက်များပြောင်းလဲခြင်း (ဖျက်ခြင်းအပါအ၀င်) ကို မှတ်သားထားနိုင်သည်။ HTC သို့ အီးမေးလ်မှတဆင့်တောင်းဆိုပြီး သင့်အကောင့်ကိုဖျက်နိုင်သည်။ HTC သည် သင့်တောင်းဆိုမှုကိုတုန့်ပြန်ပြီး ထိုတောင်းဆိုမှုရပြီးနောက် ၂၈ ရက်အကြာတွင် သင့်အချက်အလက်များလုပ်ဆောင်ခြင်းကိုရပ်တန့်မည်။
- ကိုယ်ရေးအချက်အလက်များ၏လုံခြုံမှု. HTC သည် ကိုယ်ရေးအချက်အလက်များလုံခြုံမှုကို ကာကွယ်ရန် အလေးအနက်ထားသည်။ HTC နှင့် ဆိုက်အတွက်လက်ခံခြင်းဝန်ဆောင်မှုပေးသော တတိယပုဂ္ဂိုလ်ဝန်ဆောင်မှုပေးသူများသည် အမျိုးမျိုးသောလုံခြုံရေးနည်းပညာများနှင့်စီမံခန့်ခွဲရေးလုပ်ဆောင်မှုများကိုသုံးကာ အရေးကြီးသောသတင်းအချက်အလက်များနှင့်သင့်တော်သည့် လုံခြုံရေးနည်းလမ်းများဖြင့် သင့်ကိုယ်ရေးအချက်အလက်များကို ခွင့်မပြုပဲဝင်ရောက်ခြင်း၊ သုံးခြင်း (သို့) ထုတ်ဖော်ခြင်းတို့မှကာကွယ်ထားသည်။ ဥပမာ - သင့်ကိုယ်ရေးအချက်အလက်ကို အထိန်းအချုပ်အကန့်အသတ်ဖြင့်သာဝင်ရောက်နိုင်သည့်နေရာရှိ ကွန်ပျူတာစနစ်များတွင် သိမ်းဆည်းထားသည်။ HTC သည် ကိုယ်ရေးအချက်အလက်များသုံးရန်လိုအပ်သော ၀န်ထမ်းများအား ကိုယ်ရေးအချက်အလက်များသို့ဝင်ရောက်ခြင်းကို တားမြစ်သည်။
- တတိယပုဂ္ဂိုလ်ဆိုက်များနှင့်ဝန်ဆောင်မှုများ. ဆိုက်တွင် တတိယပုဂ္ဂိုလ်ဝက်ဘ်ဆိုက်များ၊ ထုတ်ကုန်ပစ္စည်းများနှင့် လူမှုရေးကွန်ယက်ကဲ့သို့သောဝန်ဆောင်မှုများ၊ ဆိုက်မှတဆင့် ထပ်ဆောင်းပစ္စည်းများနှင့်ဝန်ဆောင်မှုများပေးလိုသော တတိယပုဂ္ဂိုလ်များသို့သွားနိုင်သော လင့်ခ်များပါရှိသည်။ တတိယပုဂ္ဂိုလ်များမှအသုံးပြုသော သူတို့ရယူသည့်ဒေတာများအား တတိယပုဂ္ဂိုလ်များလုံခြုံရေးလုပ်ထုံးလုပ်နည်းများဖြင့် ထိန်းချုပ်မည်ဖြစ်သည်။ မည်သည့်တတိယပုဂ္ဂိုလ်ကိုမဆို မည်သည့်ကိုယ်ရေးအချက်အလက်များဖြစ်စေ မပေးခင် ဤအရာများကိုဖတ်ရှုပါ။
- ဤဖော်ပြချက်အားပြင်ဆင်ခြင်းများ ဤဖော်ပြချက်သည် ၄င်း၏ထိပ်ရှိသက်ရောက်မှုရှိသောရက်စွဲမှစတင်၍ သက်ရောက်မှုရှိသည်။ HTC သည် ၄င်း၏လုပ်ထုံးလုပ်နည်းများပြောင်းလဲခြင်း (သို့) သက်ဆိုင်ရာဥပဒေ၊ စည်းမျဉ်းများပြောင်းလဲခြင်းတို့နှင့်ကိုက်ညီစေရန် ဤဖော်ပြချက်အားအခါအားလျော်စွာ အသစ်ပြင်ဆင်မှုများပြုလုပ်နိုင်သည်။ အကယ်၍ HTC မှ ဤဖော်ပြချက်အားအသစ်ပြင်ဆင်ပါက ပြင်ဆင်ထားသောဖော်ပြချက်အား HTC မှအသစ်တင်မည်ဖြစ်ပြီး၊ ဤဖော်ပြချက်ထိပ်ရှိသက်ရောက်သည့်ရက်စွဲကိုလည်း ပြောင်းလဲမည်ဖြစ်သည်။ အသစ်ပြင်ဆင်ထားသောဖော်ပြချက်တွင် HTC မှသင့်၏ကိုယ်ရေးအချက်အလက်များ မည်သို့ရယူခြင်း၊ အသုံးပြုခြင်း၊ မျှဝေခြင်းတို့အတွက် စာသားပြောင်းလဲမှုများရှိပါက ပြင်ဆင်ထားခြင်းအတွက် မြင်သာထင်ရှားသောအသိပေးစာကို ဆိုက်တွင် HTC မှတင်ထားမည်ဖြစ်သည်။ သက်ဆိုင်ရာဥပဒေမှခွင့်ပြုသည့်အတိုင်းအတာအထိ သင့်၏ဆိုက်အားဆက်လက်သုံးစွဲခြင်းသည် အသစ်ပြင်ဆင်ထားသောဖော်ပြချက်အား လက်ခံခြင်းဖြစ်သည်။
- HTC အားမည်သို့ဆက်သွယ်ရန် ဤဖော်ပြချက်နှင့်ပတ်သက်၍ဖြစ်စေ၊ HTC ၏လုံခြုံရေးလုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်၍ဖြစ်စေ သင့်တွင်မေးခွန်းများ၊ သဘောထားများ၊ (သို့) ပူပန်မှုများရှိပါက သင့်၏လုံခြုံရေးဆိုင်ရာသဘောထားများ (သို့) မေးခွန်းများကို အောက်ရှိသက်ဆိုင်ရာလိပ်စာသို့ ပို့ပေးပါ။
ဒေတာထိန်းချုပ်သူ လိပ်မူသူ- လုံခြုံရေးစီမံခန့်ခွဲသူ HTC ကော်ပိုရေးရှင်းနှင့် အမှတ် ၂၃၊ ရှင်းဟွာလမ်း၊ တာအိုရွမ်မြို့၊ တာအိုရွမ်ကောင်တီ ၃၃၀၊ ထိုင်ဝမ် အီးမေးလ်လိပ်စာ - global-privacy@htc.com ကုမ္ပဏီမှတ်ပုံတင်အမှတ်- ၁၆၀၀၃၅၁၈
မြောက် (သို့) လက်တင်အမေရိကားတွင် သင်နေထိုင်ပါက၊ သို့ - လိပ်မူသူ - Privacy HTC America, Inc.13920 SE Eastgate Way, Suite 400Bellevue, WA 98005 အီးမေးလ်- privacy_americas@htc.com
ဗြိတိန်အတွက်ရွေးချယ်ထားသော HTC ကိုယ်စားလှယ် လိပ်မူသူ- Privacy HTC Europe Co. Ltd SalamancaWellington Street Slough, BerkshireSL1 1YP, UK အီးမေးလ်- global-privacy@htc.com ကုမ္ပဏီမှတ်ပုံတင်အမှတ်- ၀၄၈၂၆၀၁၂
ဗြိတိန်၊ မြောက် (သို့) လက်တင်အမေရိကပြင်ပတွင် သင်နေထိုင်ပါက၊ သို့ - လိပ်မူသူ- Privacy AdministratorHTC Corporation No. 23 Xinghua Road Taoyuan City, Taoyuan County 330Taiwan အီးမေးလ် - global-privacy@htc.com ကုမ္ပဏီမှတ်ပုံတင်အမှတ်- ၁၆၀၀၃၅၁၈