Android 4.1 (Jelly Bean) အသစ်ပြောင်းခြင်းများနှင့် မေးလေ့ရှိသောမေးခွန်းများ

အပိုကိရိယာများက မည်သည့်အချိန်တွင် Android 4.1 ကို လက်ခံရရှိမည်နည်း။?

HTC One X နှင့် HTC One S တို့အပြင် Jelly Bean ကို လက်ခံရရှိမည့်သူများကို ဖော်ထုတ်ရန်အတွက် ကျွန်ုပ်တို့ထုတ်ကုန်၏အချက်အလက်များကို စွမ်းစွမ်းတမံ ပြန်လည်စစ်ဆေးလျှက်ရှိပါသည်။ ကျွန်ုပ်တို့၏ပန်းတိုင်သည် ၂၀၁၂တွင် စတင်လုပ်ဆောင်ခဲ့သည့်ကိရိယာများကို ဒေသအသီးသီးရှိ ကုမ္ပဏီလုပ်ဆောင်ဖက်များနှင့်အတူ ပြန်လည်စစ်ဆေးခြင်း ဦးစားပေးကာ ၂၀၁၁ခုနှစ်မှစ၍ ကျွန်ုပ်တို့ထုတ်ကုန်များအတွက် အသစ်ပြောင်းခြင်းများကို ပေးနိုင်သည့်စွမ်းရည်ကို စဉ်းစားရန်ဖြစ်သည်။

Android 4.1 ကို မည်သည့်ကိရိယာများက လက်မခံသနည်း။

ကျွန်ုပ်တို့ထုတ်ကုန်များတစ်ခုချင်းစီကိုသုံးရာတွင် သုံးသူအတွက် အကောာင်းဆုံးတွေ့ကြုံမှုများရရှိစေရန် ကျွန်ုပ်တို့ ကြိုးစားလုပ်ဆောင်လျှက်ရှိကြပြီး ထို့ကြောင့် အချို့သောထုတ်ကုန်များသည် လက်ရှိ Android မူအတိုင်းပင် ဆက်လက်ရှိနေကြမည်။၏ ယေဘူယျအားဖြင့် 512MB RAM သို့မဟုတ် ထိုထက်နည်းသည့်ကိရိယာများကို Android 4.1 သို့ ပြောင်းလဲအဆင့်မြှင့်နိုင်မည်မဟုတ်ပါ။ လက်ရှိတွင် ကိရိယာများတွင် HTC One V နှင့် HTC Desire C တို့ပါဝင်သည်။ အဆင့်မြှင့်တင်မရသည့် အခြားကိရိယာများ တွေ့ရှိသည်နှင့်အမျှ အချက်အလက်အသစ်ကို ပေးပါမည်။.
အဆင့်မြှင့်တင်ခြင်းများသည် ဆက်လက်ထောက်ပံ့မှု ပေးနေသေည်ကဲ့သို့ တူညီသောအရာမဟုတ်ကြောင်း မှတ်သားစေလိုပါသည်။ Android 4.1 သို့ အဆင့်မြှင့်တင်မရသည့်ကိရိယာများက ဆော့ဖ်ဝဲတိုးမြှင့်ချက်များ၊ လုံခြုံရေးပြင်ဆင်မှုများနှင့် နည်းပညာဆိုင်ရာထောက်ပံ့မှုတို့ကို ရရှိနေမည်ဖြစ်သည်။

အခြားတူညီသောကိရိယာများတွင် ပြုလုပ်၍ ရသော်လည်း ကျွန်ုပ်ဖုန်းတွင် Android 4.1 အသစ်ပြောင်းခြင်း ပြုလုပ်၍ မရသေးပါ။ အဘယ်ကြောင့်နည်း။

ကျွန်ုပ်တို့၏ကိရိယာများကို ကုမ္ပဏီတော်တော်များများနှင့် တိုင်းပြည်အတော်များများတွင် ရရှိနိုင်သည်။ ဒေသအမှုပြုခြင်း၊ စမ်းသပ်ခြင်းနှင့် လုပ်ဆောင်ဖက်၏ အတည်ပြုချက်များ စသည်တို့ကြောင့် အသစ်ပြောင်းခြင်းများသည် အမည်တူသည့် ကိရိယာအားလုံးတွင် တစ်ချိန်တည်းတွင် ပြုလုပ်၍ မရကြောင်း ဖြစ်သည်။
ဆော့ဖ်ဝဲတစ်ခုသည် HTC သို့မဟုတ် လုပ်ဆောင်ဖက် ကုမ္ပဏီတစ်ခုမှ ထွက်သွားသော်လည်း အသစ်ပြောင်းခြင်းကို ၎င်းကိရိယာရှိသည့် တူညီသော ကွန်ယက်ပေါ်တွင် လူတစ်ဦးချင်းစီထံသို့ ရောက်ရှိရန်မှ ကနဦးအချိန်မှစ၍ ၄၅ ရက်အထိ ကြာနိုင်ပါသည်။
၄၅ ရက်ကြာမြင့်ပြီးနောက် သင့်ဖုန်းအတွက် အသစ်ပြောင်းခြင်း မရရှိသေးပါက ပြင်ဆင်ခြင်းများ > အကြောင်း > ဆော့ဖ်ဝဲအသစ်ပြောင်းခြင်းများ ကို သင့်ကိရိယာပေါ်တွင် လက်ဖြင့် သင်ကိုယ်တိုင် အသစ်ပြောင်းခြင်းများကို စစ်ဆေးပါ။ သင့်ကိရိယာက အသစ်ပြောင်းခြင်းကို မပြသသေးပါက ကျေးဇူးပြု၍ သုံးစွဲသူအားထောက်ပံ့ခြင်းသို့ ဆက်သွယ်ပါ

အသစ်ပြောင်းခြင်းတစ်ခုထုတ်လွှတ်ရန် အဘယ်ကြောင့် အလွန်ကြာမြင့်သနည်း။

ကျွန်ုပ်တို့ပန်းတိုင်မှာ ဟာ့ဒ်ဝဲအသုံးပြုရခြင်းအရည်အသွေးမြင့်မားစေရေး၊ ကိရိယာ သို့မဟုတ် ကုမ္ပဏီ၏တိကျသော ကိုယ်တိုင်အထူးပြင်ဆင်မှုများပြုလုပ်နိုင်ရေး၊ HTC နှင့် လုပ်ဆောင်ဖက်များက စမ်းသပ်ရေး၊ ကိရိယာ၏ဟာ့ဒ်ဝဲ ခက်ခဲမှုများကို ဖော်ထုတ်လုပ်ဆောင်ရေးနှင့် အခြားအချက်အလက်များကြောင့် သုံးစွဲသအား မြင့်မားသော တွေ့ကြုံမှုတစ်ခုကိုပေးနိုင်ရန်ဖြစ်သည်။

HTC Sense ၏ မည်သည့်ဗာရှင်က Android 4.1 အသစ်ပြောင်းခြင်းနှင့် အတူလာမည်နည်း။

Android 4.1 သို့အဆင့်မြှင့်တင်ခြင်းတွင် HTC Sense 4+ ပါဝင်သည်။