Choose your region

  • သင့် မီဒီယာ မာတိကာ ကို ဖွဲ့စည်းပြီး ပျော်ရွှင်စွာ ခံစားလိုက်ပါ

    သင့်ကမ္ဘာကို စတိုင်ကျကျ စင့်က်လုပ်လိုက်ပါ။ HTC Sync Manager သည် သင့် မီဒီယာများအားလုံးကို သင့် HTC ဖုန်းနှင့် သင့်ကွန်ပျူတာအကြား စင့်က်လုပ်ရာတွင် လွယ်ကူစေရန်ပြုလုပ်ပေးသော အခမဲ့ပရိုဂရမ် တခုဖြစ်သည်။ သင့် အဆက်အသွယ်များ၊ ပြက္ခဒိန်အဖြစ်အပျက်များ၊ စာညှပ်များ၊ နှင့် စာရွက်စာတမ်းများအားလုံးကိုလည်း သင်စင့်က်လုပ်နိုင်သည်။ စင့်က်လုပ်ပြီးသည်နှင့် တပြိုင်နက် သင့်ကွန်ပျူတာပေါ်တွင် HTC Sync Manager ကို လွယ်ကူစွာ စီမံ ၍ ဖွဲ့စည်းနိုင်သည်။ အရာအားလုံးသည် လုံခြုံစွာ ဘက်အာပ်လုပ်ပြီး ၍ သင့်ဖုန်းတွင် အပ်ဒိတ်လုပ်ရန် အဆင်သင့် ဖြစ်နေသည်။
    အခမဲ့ဒေါင်းလုတ်

  • မာလ်တီမီဒီယာ မန်နေဂျာ

    သင့်ဓာတ်ပုံများနှင့် ကိုယ်ပိုင်ဗီဒီယိုများကို အလ်ဘမ်ထဲသို့ ဖွဲ့စည်းပါ။ ဓာတ်ပုံများကို အလွယ်တကူ ဖြတ်ယူ (သို့) လှည့်ပါ။ သို့ သင့်ဂီတများအားလုံးကို တနေရာတည်းတွင် ပျော်ရွှင်စွာ ခံစားလိုက်ပါ။ ပလေးစာရင်းကို ဖန်တီးပါ။ iTunes သို့ Windows Media Player ဂီတစာကြည့်တိုက် နှင့် ပလေးစာရင်းကို ထည့်သွင်းပါ။ အားလုံးကို သင့်ဖုန်းသို့ လွယ်ကူစွာ ပြန်၍ စင့်က်လုပ်နိုင်သည်။

  • သင့် ကိုယ်ရေးကိုယ်တာ အချက်အလက်ကို စင့်က်လုပ်ခြင်း

    HTC Sync Manager သည် သင့်ကိုယ်ရေးကိုယ်တာ အချက်အလက်များကို သင့်ကွန်ပျူတာ နှင့် သင့်ဖုန်းအကြား စင့်က်လုပ်ခြင်းကို လွယ်ကူစေသည်။ အော်တိုစင့်က် ဖြင့်ဆိုလျှင် တခါ သတ်မှတ်ဖွဲ့စည်းပြီးသည် နှင့် သင်သည် အဆက်အသွယ်များ၊ ပြက္ခဒိန်၊ နှင့် ဝဘ်ဘရောက်ဆာစာညှပ်များတို့ကို သင့်ကွန်ပျူတာနှင့် ဖုန်းအားဆက်သွယ် ချိတ်ဆက်သည့်အချိန်တိုင်းတွင် စင့်က်လုပ်ပေးသည်။

  • သင့်အားစိတ်ငြိမ်းချမ်းမှုပေးခြင်း

    HTC Sync Manager ဖြင့် သင်၏အဖိုးတန်သော အမှတ်ရစရာများ နှင့် ဂီတတို့ကို ဘက်အာပ်လုပ်ပေးသည်။ သင့်ဖုန်းမှ ဓာတ်ပုံများအပြင် မှတ်တမ်းတင်ရိုက်ကူးထားသော ဗီဒီယိုများကိုလည်း သင်စင့်က်လုပ်နိုင်သည်။ သင့်အပန်းဖြေအားလပ်ရက်မှ ကြည်နူးပျော်ရွှင်ဖွယ်ကောင်းသော အမှတ်ရစရာများ ပျောက်ဆုံးခြင်းကို သင်ဘယ်တော့မှ ပူပန်စရာ မလိုတော့ပါ။

  • သင့် iPhone အဆက်အသွယ်ကို လွယ်ကူစွာ ရွှေ့ပြောင်းခြင်း

    HTC Sync Manager သည် သင့် HTC ဖုန်းသို့ iTunes ဘက်အာပ်ဖိုင်များအား မူလအတိုင်းပြန်ထားခြင်းကို လွယ်ကူစွာ လုပ်ဆောင်ပေးသည်။ ရိုးရှင်းသော အဆင့် အနည်းငယ်ဖြင့် သင်သည် သင့် iPhone အဆက်အသွယ်များ၊ ပြက္ခဒိန်၊ SMS၊ ဓာတ်ပုံများ၊ ဗီဒီယိုများ၊ နောက်ခံပုံများ နှင့် စာညှပ်များကို HTC Sync Manager ဖြင့် သင့် HTC ဖုန်းအသစ်သို့ ရွှေ့နိုင်သည်။