မြို့ပြ စမတ်နှင့်တကွထုပ်ပိုးထားသည်

ထိပ်တန်းအင်္ဂါရပ်တွေထည့်သွင်းထားတဲ့ မြို့ပြ-စမတ်ဖုန်း၊ ဘက်ထရီ တာရှည်ခံတဲ့အပြင် သင့်အတွက် အကောင်းဆုံး ဆဲလ်ဖီပုံရိပ်တွေအတွက် HTC One X9 ကို မိတ်ဆက်ခြင်း

မြို့ပြလိုအပ်ချက်အတွက် ပြည့်စုံသည်

မြို့ပြစတိုင်ဖြင့် ပြုလုပ်ထားသော၊ HTC One X9 ၏ ထုတ်ပိုးမှုပုံစံနှင့် ပိုးသားကဲ့သို့ ချောမွတ်သည့် ဒီဇိုင်းပုံစံတွင် နည်းပညာမြင့် စွမ်းဆောင်ရည်များ ထည့်သွင်းပေးထားပါသည်။ ဖန်သားပြင်ပြည့် မြင်ကွင်းနှင့် ကိုယ်ထည်၏ 70% အထိနေရာယူထားသော မျက်နှာပြင်အချိုးဖြင့်အင်္ဂါရပ်။ မဟူရာငွေရောင်နှင့် ကာဗွန်မီးခိုးရောင် ရရှိနိုင်ပါပြီ။

မျက်နှာပြင်အကြီး၊ သေးသွယ်သည့် ကိုယ်ထည်၊

ထုထည် မကြီးမားသော မျက်နှာပြင်အကြီးဖြစ်ပါသည်။ 5.5’’ FHD စခရင်သည် ကျစ်လျစ်သော ကိုယ်ထည်တွင်း ကွက်တိဝင်ပြီး၊ 401 PPI ပြသမှုကို အသေးစိတ်မှတ်တမ်းတင်နိုင်ခြင်းများအတွက် HTC One X9 အားဂုဏ်ယူဖွယ် တင်ဆက်လိုက်ပါပြီ။

ပညာရှင်တစ်ယောက်ကဲ့သို့ ရိုက်ကူးလိုက်ပါ

HTC One X9 ၏အဓိကကင်မရာအား OIS နှင့် ရိုက်ကူးစဉ်တွင်း ကြည်လင်ပြတ်သားပြီး တောက်ပသည့်ဓါတ်ပုံများကို လျှပ်တစ်ပြက် ရိုက်ကူးနိုင်ရေးအတွက် ထည့်သွင်းပေးထားပါသည်။ ကျွန်ုပ်တို့၏ အဆင့်မြင့်ဆုံး OIS သည် မှုန်ဝါးမှုများအား လျှော့ချနိုင်သည့် တုန်ခါမှုဆန့်ကျင်ဘက် မှန်ဘီလူး ပါဝင်ပါသည်။ မြို့ပြရဲ့ အခိုက်အတန့်တိုင်းကို နေ့ညမရွေး ဖမ်းယူလိုက်ပါ။ ရိုးရိုးလေး ချိန်၊ ရိုက်၊ ပြီး ပြုံးလိုက်ပါ။

သင့်အတွက် ထာဝရ အလွယ်ကူဆုံး ဆဲလ်ဖီ

HTC One X9 ဖြင့် ဆဲလ်ဖီ ရိုက်ယူခြင်းဖြင့် ထာဝရ ပိုမိုလွယ်ကူစေမှာပါ။ သင်လုပ်ရမှာက ကင်မရာကို မြှောက်လိုက်ပြီး ပြုံးလိုက်ရုံပါဘဲ၊ အော်တိုဆဲလ်ဖီကြောင့်ပဲပေါ့။ ဆဲလ်ဖီ မရိုက်ခင် သင့်ပုံစံကို ချက်ချင်းပြင်ချက်ချင်းမြင်နိုင်သော မိတ်ကပ်ဖြင့် ကိုယ်တိုင် ပြင်ဆိုင်နိုင်ပါသည်။

အကြမ်း ရိုက်ကူးခြင်း

သင့်ဓါတ်ပုံအား ကျွမ်းကျင် ဓါတ်ပုံဆရာ စိတ်ကြိုက်သို့ သိမ်းဆည်းလိုက်ပါ။ ကျွမ်းကျင်မုဒ်တွင် ပုံကြမ်းရိုက်ကူးခြင်းနှင့်အတူ ရုပ်ပုံအနေထားညှိယူခြင်းများ၊ အဖြူရောင် ထိန်းချုပ်ခြင်းနှင့် အခြားအရာများအား လွယ်ကူစွာ လုပ်ဆောင်နိုင်ပြီး အရောင်စုံများစွာ၊ ကင်မရာ အာရုံခံ ကိရိယာအချက်အလက်များစွာဖြင့် ရိုက်ကူးနိုင်သည်။

စူပါ ချောမွတ်သည့် ဟိုက်ပါလေ့စ်

သင့် ဗွီဒီယိုအား 12x အထိ အရှိန်မြင့်တင်လိုက်ပါ၊ ဒါမှမဟုတ် စူပါ ချောမွတ်သည့် ဟိုက်ပါလေ့စ် ဆက်တင်ဖြင့် 2x အမြန်နှုန်းအတိုင်းနှစ်သက်စွာ အသုံးပြုလိုက်ပါ။ လုပ်ဆောင်ချက်အသစ်များထည့်ပါ၊ အခိုက်အတန့်လေးများအား မမေ့နိုင်စရာအဖြစ် လုပ်ဆောင်လိုက်ပါ။

ရုပ်ရှင်ရုံဝန်းကျင် အသံ

ကြည့်ကောင်းပြီး၊ မယုံနိုင်လောက်ဖွယ်အသံ။ ဖွင့်ပါ ကိုဖိရုံဖြင့် သင့်သီချင်း၊ ရုပ်ရှင်၊ နှင့် ဂိမ်းများအား ရှင်းလင်းသည့် အသံ၊ နက်ရှိုင်းသည့် ဘေ့စ်သံ၊နှင့် အကောင်းမွန်ဆုံး အသံအနေအထားဖြင့် HTC BoomSound™ နှင့် Dolby Audio Surround™ပေါင်းစပ်အသံအား နားဆင်နိုင်ပါပြီ။ နားကြပ် သို့မဟုတ် ပြင်ပ စပီကာ နှစ်ခုစလုံးမှ အကောင်းဆုံး အသံကိုခံစားနိုင်ပါသည်။

အသံချဲ့လိုက်ပါ

HTC One X9 ရဲ့ အသင့်ပါ အသံချဲ့စက်က သင်နှစ်သက်တဲ့တေးသွားတွေကို အကောင်းဆုံး နားဆင်နိုင်စေဖို့ ဆောင်ရွက်ပေးပါတယ်၊ တကယ့်ကို မကြုံစဖူး အတွေ့အကြုံနဲ့ နားဆင်ခံစားရမှာပါ။

သင့်အတွက် အခမဲ့ပါ

HTC One X9 ကို ထာဝရ စိတ်ကြိုက်ပြုလုပ်နိုင်ပါသည်။ လှုပ်ရှားမှု-ရှာဖွေပေးတဲ့ ပင်မစခရင်ဝစ်ဂျစ်က အစပြုပြီး စိတ်ကြိုက်ပြုလုပ်ထားတဲ့ နောက်ခံပုံ၊ ဖုန်းမြည်သံနဲ့ အခြားအရာပေါင်းများစွာအထိ မျက်တောင်တစ်ခတ်အတွင်းမှာပဲ သင်အလိုရှိသမျှ အရာအားလုံးကို ရရှိသွားမှာပါ။

HTC သင်းမ်များ

သင့်စတိုင်လ်အလိုက် သင့် ဖုန်းကို စိတ်ကြိုက်ပြုလုပ်လိုက်ပါ၊ ထောင်ပေါင်းများစွာသော သင်းမ်များထဲမှ ရွေးချယ်လိုက်ပါ ဒါမှမဟုတ် ကိုယ်ပိုင်သင်းမ်ကို ဖန်တီးလိုက်ပါ။ အသင့် သင်းမ်တွင် ဓါတ်ပုံ သို့မဟုတ် ဆဲလ်ဖီးကို ပြောင်းနိုင်ပြီး၊ ဝေါလ်ပေပါ၊ အရောင်၊ နှင့် စာလုံးပုံစံတို့အား အလိုရှိသလို ကိုက်ညီအောင် ပြုပြင်နိုင်ပါသည်။

HTC Sense™ Home

HTC Sense Home သည် လှုပ်ရှားမှု-ရှာဖွေ မူလစခရင်ဝစ်ဂျစ်ဖြစ်ပြီး ရုံး နှင့် အိမ်ရှိ မတူညီသည့် အက်ပ်များအတွက်၊ သင့်တည်နေရာပေါ်မူတည်ပြီး အက်ပ်များအား အလိုအလျောက် ပြသနိုင်ပါသည်။

HTC BlinkFeed™

HTC BlinkFeed မှ နောက်ဆုံးပေါ် ဖျော်ဖြေရေး၊ သတင်း၊ လူမှု သတင်းလွှာများ၊ အဖြစ်အပျက် အသိပေးချက်များ၊ နှင့် စားသောက်ချိန် အကြံပြုချက်များအား အမြဲမပြတ် ပြောပြပေးနေပါသည်။

စတိုင်လ်ကျလှပသည့် တွဲဖက်ပစ္စည်းအသုံးပြုထားသည်

တွဲဖက်ပစ္စည်များ အားလုံး