HTC One A9
အကူအညီ ရယူပါ
အသေးစိတ် ဖော်ပြချက်များ
HTC One A9
အထူးကောင်းမွန်ပါသည်
ဒီဇိုင်းအား အတုခိုးထိုက်ပါသည်။ ဓါတ်ပုံပညာရှင်များနှစ်သက်လိမ့်မည်။ ကြည်လင်ပြတ်သတ်မှုမြင့်မားသော အသံ
စမတ်ဖုန်းသည် အရေးကြီးသောလိုအပ်ချက်အားလုံးကို ချက်ချင်းရနိုင်ပါသည်။
အထူးကောင်းမွန်ပါသည်
ဒီဇိုင်းအား အတုခိုးထိုက်ပါသည်။ ဓါတ်ပုံပညာရှင်များနှစ်သက်လိမ့်မည်။ ကြည်လင်ပြတ်သတ်မှုမြင့်မားသော အသံ
စမတ်ဖုန်းသည် အရေးကြီးသောလိုအပ်ချက်အားလုံးကို ချက်ချင်းရနိုင်ပါသည်။
HTC One A9
  • အထူးကောင်းမွန်ပါသည်
ဒီဇိုင်းအားအတုခိုးထိုက်ပါသည်
ကမ္ဘာ့ပထမတန်းစား သတ္တုဒီဇိုင်းအားလုံးကို လက်ဖြင့်ကျွမ်းကျင်စွာဖန်တီးထားသောကုမ္ပဏီမှတဆင့်၊ HTC သည်စံချိန်မီဒီဇိုင်းအသစ်တစ်ခုကို ထပ်မံ၍ ဖန်တီးထားပါသည်။ HTC One A9 သည် အရောင်သုံးဆတင်ထားသောတပ်မက်ဖွယ်အထူးပါးလွှာသည့်သတ္တုကိုယ်ထည်၊ ဖျက်ပစ်နိုင်သော SD ကတ်မမ်မိုရီ၊ နှင့် Edge-to-Edge Corning® Gorilla® Glassကို အသားပေးထားပါသည်။ အထူးကောင်းမွန်သောအရောင်များ ရရှိနိုင်ပါသည်။*
အရောင်များ
*ဒေသအရ အရောင် ပြောင်းလဲမှုရှိနိုင်သည်
ပို၍လေ့လာပါ
  • ဒီဇိုင်းအား အတုခိုးထိုက်ပါသည်
ချိန်သည်၊ ရိုက်ကူးသည်၊ ပွဲထုတ်သည်
HTC One A9 နှင့် သင်၏ အတွင်းပိုင်း ဓါတ်ပုံပညာကို ဖော်ထုတ်ပါ။ ပုံရိပ်အမြင်တည်ငြိမ်မှုရှိခြင်း(OIS) နှင့် လေဆာ-အထောက်အကူပြု ဆုံချက် နည်းပညာ ဖြင့် မှုန်ဝါးခြင်းမရှိသော ဓါတ်ပုံများရယူပါ။ Pro စနစ်တွင် Raw ရိုက်ချက်ဖြင့် ညွှန်ကြားဖန်တီးပြီး ပြိုင်ဘက်ကင်းဓါတ်ပုံပြုပြင်ရန်အတွက် ပိုမိုသောပုံရိပ်အချက်အလက်များကို သိမ်းပါ။ Hyperlaspse ဖြင့် အံ့သြဖွယ်ပြုလုပ်ချက်များအတွက် ၁၂ဆအထိ သင့်ဗီဒီယိုများကို အရှိန်မြှင့်တင်လိုက်ပါ။
ပို၍လေ့လာပါ
  • ချိန်သည်၊ ရိုက်ကူးသည်၊ ပွဲထုတ်သည်
ပိုကောင်းတဲ့မြင်ကွင်း
HTC One A9 သည် Edge-to-Edge ၅ နှင့်၊ အရည်အသွေးပြည့် HD၊ ၁၀၈၀p၊ နှင့် စွမ်းအင်ချွေတာပေးသည့်စခရင်ကို အသားပေးထားပါသည်။ သင်သည် သာမာန် LCD စခရင်ထက် ၄၀% ပိုမိုကောင်းမွန်သောပုံရိပ်များနှင့် ဂိမ်းပွဲ — များကိုနေရောင်အောက်တွင်တောင်မှ ရနိုင်ပါသည်။
  • ပိုကောင်းတဲ့မြင်ကွင်း
သင့်ဂီတကို နှိုးဆွပါ
သင့်ဂီတဖြင့် စိတ်ဓါတ်နိုးကြားအောင်လုပ်ပါ။ ထည့်သွင်းတပ်ဆင်ထားသော DAC သည် စမတ်ဖုန်းတစ်ခုမှ သင်မကြားခဲ့ဘူးသော ထူးကဲလေးနက်သည့်အသံရရှိရန် ၁၆-bit မှ ၂၄-bit အထိကြည်လင်ပြတ်သားသောအသံအဖြစ်ပြောင်းလဲပေးပါသည်။
HTC One A9 သည် Dolby Audio Surround နှင့် အသံထုတ်လုပ်မှုပိုကောင်းသော အသံချဲ့စက်ဖြင့် ဈေးကွက်အတွင်းတွင် အကောင်းဆုံး အသံအရည်အသွေးကိုဖြန့်ဝေထားပါသည်။
ပို၍လေ့လာပါ
  • သင့်ဂီတကို နှိုးဆွပါ
Marshmallow ပါရှိသည်
Andriod ၆.၀ Marshmallow နှင့်အတူ ပိုမိုမြန်ဆန်သော နေ့ရက်များကို ဖြတ်ကျော်လိုက်ပါ။ အသင့်ပါသော ယခုပင်* နှင့် Andriod ငွေပေးချေစနစ်* ဖြင့် သင်အလိုရှိသောအရာများကို လျှင်မြန်စွာဝယ်ယူနိုင်ပြီး အရာအားလုံးကို သင့်လက်ချောင်းဖြင့် တစ်ချက်နှိပ်ရုံဖြင့် လမ်းဖွင့်ပေးနိုင်ပါသည်။
ဗွီဒီယိုများ၊ တေးဂီတများနှင့် ပုံရိပ်များကို ၂ဆပိုမြန်စွာ ကူးယူနိုင်ပြီး၊ Qualcomm® Quick Charge ၂.၀ နည်းပညာဖြင့် ၄၀%ပိုမြန်စွာ အားသွင်းနိုင်ပါသည်။
*နေရာဒေသပေါ်မူတည်၍လုပ်ဆောင်ချက် ကွဲပြားနိုင်ပါသည်။
ပို၍လေ့လာပါ
  • Andriod Marshmallow
ရွေးချယ်ရန်လုပ်ပိုင်ခွင့်
HTC သည် ၎င်းကို သင့်ကိုယ်ပိုင် — ပြုလုပ်ရန် နှင့် အလွယ်တကူသိမ်းဆည်းရန် သင့်အားလုပ်ပိုင်ခွင့်ပေးထားသည်။
HTC One A9 ကို သင်ကြိုက်နှစ်သက်သည့်နည်းဖြင့် ကိုယ်ပိုင်ပုံစံပြုလုပ်ပြီး၊ HTC သင်းမ်များနှင့် သင့်ကိုယ်ပိုင်စတိုင်ကိုပြသပါ။ သင်ကြည့်ချင်သည့် သတင်းများ၊ လူမှုကွန်ယက်များ၊ တေးဂီတ နှင့် ပုံရိပ်များအားလုံးကို သင့် HTC BlinkFeed ကိုစိတ်ကြိုက်ဖန်တီးထားခြင်းဖြင့် တစ်နေရာထဲတွင်ကြည့်နိုင်ပါသည်။
ပို၍လေ့လာပါ
  • ကိုယ်ပိုင်ပုံစံပြုလုပ်ခြင်း
သင်စောင့်မျှော်နေခဲ့သော ဖုန်းသည် ယခုဒီကို ရောက်ရှိလာပါပြီ
ဈေးကွက်သို့တင်ထားသော ပညာရှင်အဆင့်ဓါတ်ပုံများ၊ Hyperlapse ဗွီဒီယိုများ၊ Jaw-dropping စခရင်၊ နှင့် အထူးခြားဆုံးစမတ်ဖုန်းအသံကို တွေ့ကြုံ ခံစားပါ။
  • မှတ်ပုံတင်ပါ
HTC One A9
အပိုပစ္စည်းများ
တွဲဖက်ပစ္စည်များ အားလုံး
  • HTC Single Port Car Charger
    HTC 10W Car Charger
    သွားလာတုန်းပါဝါ
  • HTC Dual Port Car Charger
    HTC Dual Port Car Charger
    ပါဝါနှစ်ဆ
  • HTC Mini+
    HTC Mini+
    သင့်စမတ်ဖုန်းကို ပို၍ သပ်ရပ်ခန့်ညားရန် ဆောင်ရွက်ပါ
  • အရွယ်အစား
    ၁၄၅.၇၅ x ၇၀.၈. x ၇.၂၆ မီလီမီတာ
  • CPU အမြန်နှုန်း
    • Qualcomm® Snapdragon™ ၆၁၇၊ Octa-core
    • ၆၄-ဘစ်၊ ၄ x ၁.၅GHz + ၄ x ၁.၂GHz
    • Qualcomm® Snapdragon™ ၆၁၇၊ Octa-core
    • ၆၄-ဘစ်၊ ၄ x ၁.၅GHz + ၄ x ၁.၂GHz
  • ကွန်ရက်1
    • 2G/၂.၅G - GSM/GPRS/EDGE-
    • ၈၅၀/၉၀၀/၁၈၀၀/၁၉၀၀ MHz
    • 3G UMTS-
    • ၈၅၀/၉၀၀/၁၉၀၀/၂၁၀၀ MHz
    • 4G LTE-
    • FDD- လှိုင်းခွင် ၁၊ ၃၊ ၅၊ ၇၊ ၈၊ ၂၀၊ ၂၈
    • TDD- လှိုင်းခွင် ၃၈၊ ၄၀၊ ၄၁
  • Sensor များ
    • ပတ်ဝန်းကျင်အလင်းရောင်ပြုဆင်ဆာ
    • နည်းကပ်မှုသတိပေးဆင်ဆာ
    •ွG ဆင်ဆာ လှုပ်ရှားမှု
    • သံလိုက်အိမ်မြှောင် ဆင်ဆာ
    • ဂျိုင်ရို ဆင်ဆာ
    • သံလိုက်အာရုံခံဆင်ဆာ
    • Hub ဆင်ဆာ
    • လက်ဗွေဆင်ဆာ
  • ကင်မရာ
    • ပင်မ ကင်မရာ- ၁၃MP နီလာသွေးရောင် ဖုံးအုပ်ထားသော မှန်ဘီလူး၊ အော်တို - ဆုံချက်၊ BSI ဆင်ဆာ၊ OIS၊ ƒ/၂.၀၊ ၁၀၈၀p ဗွီဒီယို ရိုက်ကူးခြင်း
    • ရှေ့ကင်မရာ- HTC UltraPixel™၊ ပုံသေဆုံချက်၊ ƒ/၂.၀၊ ၁၀၈၀p ဗွီဒီယိုရိုက်ကူးခြင်း
    • ပင်မ ကင်မရာ- ၁၃MP နီလာသွေးရောင် ဖုံးအုပ်ထားသော မှန်ဘီလူး၊ အော်တို - ဆုံချက်၊ BSI ဆင်ဆာ၊ OIS၊ ƒ/၂.၀၊ ၁၀၈၀p ဗွီဒီယို ရိုက်ကူးခြင်း
    • ရှေ့ကင်မရာ- HTC UltraPixel™၊ ပုံသေ ဆုံချက်၊ ƒ/၂.၀၊ ၁၀၈၀p ဗွီဒီယိုရိုက်ကူးခြင်း
  • အလေးချိန်
    ၁၄၃ ဂရမ်
  • Platform Android
    Android™ ၆.၀™ HTC Sense နှင့်
  • Memory (မှတ်နိုင်စွမ်း)2
    • အစိတ်အပိုင်းများတပ်ဆင်ခြင်း ၁- ROM- ၁၆GB / RAM- ၂GB
    • ထပ်တိုးထားသော မှတ်နိုင်စွမ်း- မိုက်ခရို SD™ ၂TB အထိ
    • အစိတ်အပိုင်းများတပ်ဆင်ခြင်း ၂- ROM - ၃၂GB / RAM- ၃GB
    • ထပ်တိုးထားသော မှတ်နိုင်စွမ်း- မိုက်ခရို SD™ ၂TB အထိ
    • အစိတ်အပိုင်းများတပ်ဆင်ခြင်း ၁- ROM- ၁၆GB / RAM- ၂GB
    • ထပ်တိုးထားသော မှတ်နိုင်စွမ်း- မိုက်ခရို SD™ ၂TB အထိ
    • အစိတ်အပိုင်းများတပ်ဆင်ခြင်း ၂- ROM - ၃၂GB / RAM- ၃GB
    • ထပ်တိုးထားသော မှတ်နိုင်စွမ်း- မိုက်ခရို SD™ ၂TB အထိ
  • ဆက်သွယ်နိုင်မှု
    • Bluetooth® ၄.၁
    • ၀ိုင်ဖိုင်®- ၈၀၂.၁၁ အေ/ ဘီ/ ဂျီ/ အန်/ အေစီ (၂.၄ & ၅ GHz)
    • ၃.၅ မီလီမီတာ စတီရီယိုအော်ဒီယိုပင်
    • မိုက်ခရို-USB ၂.၀ (ပင် ၅ခု) အပေါက်
  • မာလ်တီမီဒီယာ
    • အော်ဒီယိုကိုပံ့ပိုးထားသောပုံစံများ-
    • ပြန်ဖွင့်- .aac၊ .amr၊ .ogg၊ .m4a၊ .mid၊ .mp3၊ .wav၊ .flac၊ .ac3၊ ec3၊ eac3
    • မှတ်တမ်းတင်ခြင်း- .aac
    • ဗွီဒီယိုကိုပံ့ပိုးထားသောပုံစံများ-
    • ပြန်ဖွင့်- .၃gp၊ .၃g၂၊ .mp4၊ .avi၊ .mkv
    • မှတ်တမ်းတင်ခြင်း- .mp4
  • မျက်နှာပြင်
    ၅.၀ လက်မ၊ အရည်အသွေးပြည့် HD ၁၀၈၀p၊ Corning® Gorilla® Glass
    ၅.၀ လက်မ၊ အရည်အသွေးပြည့် HD ၁၀၈၀p၊ Corning® Gorilla® Glass
  • SIM ကတ်အမျိုးအစား
    နာနို SIM
  • GPS
    အတွင်းပိုင်း GPS အင်တန်နာ + GLONASS
  • အသံ
    Dolby Audio™* Hi-Res Audio နှင့်
    *Dolby Laboratories မှ လိုင်စင်ဖြင့်ထုတ်လုပ်ထားသည်။
  • ဘက်ထရီ3
    • ဝင်ဆံ့စွမ်းဆောင်ရည်- Quick Charge ၂.၀ နှင့်အတူ ၂၁၅၀ mAh အားထောက်ပံ့ပေးထားပါသည် (အနာဂတ်တွင်ဆော့ဖ်ဝဲလ်မြှင့်တင်မှုနှင့်ကိုက်ညီရန် Quick Charge ၃.၀ ကို မြှင့်တင်မည်)
    • HD ဗွီဒီယို ပြန်ဖွင့်- ၁၂နာရီအထိ
    • အော်ဒီယို ပြန်ဖွင့်- နာရီ ၆၀ အထိ
    • ၀ိုင်ဖိုင်ဖြင့် အင်တာနက်သုံးပါ- ၉နာရီအထိ
    • 3G ကွန်ရက်ဖြင့်ပြောဆိုချိန်- ၁၆နာရီအထိ
    • 3G ကွန်ရက်ဖြင့် အရံသင့်ထားချိန်- ၁၈ ရက်အထိ
  1. ဒေသတွင်းရှိ ကွန်ရက်လှိုင်းခွင်များသည် မိုဘိုင်းအော်ပရေတာနှင့် သင်၏ တည်နေရာပေါ်မူတည်ပြီး ကွဲပြားခြားနားနိုင်ပါသည်။ 4G LTE သည် ရွေးချယ်ထားသော နိုင်ငံများအတွင်းသာ ရရှိနိုင်သည်။ အင်တာနက်ပေါ်တင်ခြင်း၊ ဒေါင်းလုတ်လုပ်ခြင်းတို့၏ မြန်နှုန်းသည်လည်း မိုဘိုင်းအော်ပရေတာပေါ်မူတည်သည်။
  2. ဖုန်းဆော့ဖ်ဝဲလ်ကြောင့် သိုလှောင်နိုင်မည့်ပမာဏလျော့နည်းသွားသည်။ (အစိတ်အပိုင်းတပ်ဆင်ခြင်း ၁) သုံးစွဲသူပါဝင်မှုအတွက် ရရှိနိုင်သော သိုလှောင်မှုပမာဏ ခန့်မှန်းခြေသည် ၉.GB ဖြစ်သည်။ ဖုန်းဆော့ဖ်ဝဲလ် မြှင့်တင်မှုများနှင့် အသုံးချပရိုဂရမ်များအသုံးပြုမှုအပေါ် အခြေခံ၍ ရရှိနိုင်သောသိုလှောင်မှုပမာဏ ပြောင်းလဲသည်။
    ဖုန်းဆော့ဖ်ဝဲလ်ကြောင့် သိုလှောင်နိုင်မည့်ပမာဏလျော့နည်းသွားသည်။ (အစိတ်အပိုင်းတပ်ဆင်ခြင်း ၂) သုံးစွဲသူပါဝင်မှုအတွက် ရရှိနိုင်သော သိုလှောင်မှုပမာဏ ခန့်မှန်းခြေသည် ၂၄.၀ GB ဖြစ်သည်။ ဖုန်းဆော့ဖ်ဝဲ မြှင့်တင်မှုများနှင့် အသုံးချပရိုဂရမ်များ အသုံးပြုမှုအပေါ် အခြေခံ၍ ရရှိနိုင်သော သိုလှောင်မှုပမာဏ ပြောင်းလဲသည်။
    ထပ်တိုးထားသော မှတ်နိုင်စွမ်းသည် မိုက်ခရို SD ကတ် သိမ်းနိုင်သောပမာဏကို ကန့်သတ်ထားပါသည်။
  3. စမ်းသပ်မှုအခြေအနေများ- ဘတ်ထရီအသုံးပြုနိုင်မှုသည် ဆဲလ်လူလာကွန်ရက်၊ တည်နေရာ၊ လိုင်းဆွဲအား၊ အစိတ်အပိုင်းတပ်ဆင်ထားမှုအဂါင်္ရပ်များ၊ ဖုန်းအသုံးပြုမှု၊ နှင့် အခြားသောအကြောင်းအရာအများအပြားပေါ်တွင်မူတည်ပြီးပြောင်းလဲနိုင်သည်။ ရလဒ်အမှန်များကတော့ ပြောင်းလဲနိုင်ပါသည်။ ဘတ်ထရီများအားလုံးသည် အားပြန်သွင်းနိုင်သောအကြိမ်အရေအတွက်အကန့်အသတ်ရှိပြီး နောက်ဆုံးတွင် အသစ်လဲလှယ်ဖို့လိုအပ်ပါသည်။ ဘတ်ထရီသက်တမ်းနှင့် အားသွင်းနိုင်သောအကြိမ်အရေအတွက်သည် ဖုန်းအသုံးပြုမှုနှင့်ဆက်တင်များကြောင့်ပြောင်းလဲနိုင်သည်။ ဘတ်ထရီစမ်းသပ်ခြင်းအား တိကျသော HTC ကိရိယာများကိုအသုံးပြုပြီး HTC ဓါတ်ခွဲခန်းများတွင်စီမံဆောင်ရွက်ထားပါသည်။ ၀ိုင်ဖိုင်အခြေခံသောစမ်းသပ်မှုများမှလွဲ၍ ကိရိယာများစမ်းသပ်ခြင်းအားလုံးကို 4G ကွန်ရက်သို့ချိတ်ဆက်ခဲ့သည်။ HD ဗွီဒီယိုပြန်ဖွင့်ခြင်းလုပ်ငန်းစဉ်အား နားကြပ်မှအသံနှင့်အတူကိရိယာပေါ်တွင် ၇၂၀P HD MP4 ဗွီဒီယို၊ သတ်မှတ်ထားသောစခရင်တောက်ပမှုနှင့်အသံအတိုးအကျယ် (Dolby မသုံးဘဲ) တို့နှင့်အတူစီမံဆောင်ရွက်ထားပါသည်။ အသံပြန်ဖွင့်ခြင်းလုပ်ငန်းစဉ်အား နားကြပ်မှထွက်လာသောအသံနှင့်အတူ MP3 အသံဖိုင်၊ သတ်မှတ်ထားသောအသံအတိုးအကျယ် (Dolby မသုံးဘဲ) တို့နှင့်အတူစီမံဆောင်ရွက်ထားပါသည်။ ၀ိုင်ဖိုင်ဖြင့်အင်တာနက်သုံးခြင်းစမ်းသပ်မှုအား နှစ်မြှုပ်ထားသောဝက်ဘ်ဆာဗာတစ်ခုကိုသုံးပြီးစီမံဆောင်ရွက်ထားပါသည်။ ကိရိယာသည် ကျော်ကြားသောဝက်ဘ်စာမျက်နှာ၁၀ခု၏ ဗားရှင်းများအားချက်ချင်းရှာပေးခဲ့သည်။ အော်တို-တောက်ပမှုအားပိတ်ခြင်းမှလွဲ၍ ဆက်တင်အားလုံအား မူလဆက်တင်အတိုင်းသတ်မှတ်ထားသည်။
    အသင့်အနေအထားဖြင့်ရှိသည့်အချိန် အသေးစိတ် အချက်အလက် ("specification") သည် တူညီသည့်အခြေအနေများအောက်တွင် ကွဲပြားသည့်မိုဘိုင်းကိရိယာများအား နှိုင်းယှဉ်မှုကို ခွင့်ပြုရန်အတွက်သာ ရည်ရွယ်သည့် လုပ်ငန်းစံနှုန်းတစ်ခုဖြစ်သည်။ Standby အခြေအနေတွင် ဓာတ်အားသုံးစွဲမှုသည် ကွန်ယက်၊ စက်တင်များ၊ တည်နေရာ၊ လှုပ်ရှားမှု၊ အချက်ပြစွမ်းအား၊ ဆဲလ်အသွားအလာလိုင်း အစရှိသည့်အချက်များအပေါ်တွင် အလွန်မူတည်သည်။ သို့သော်လည်း ယင်းအချက်များထက်မကရှိနိုင်သည်။ ထိုကဲ့သို့အသေးစိတ်အချက်အလက်များအသုံးပြုပြီး မတူညီသောမိုဘိုင်းဖုန်းများနှိုင်းယှဉ်ခြင်းများသည် ထိန်းချုပ်ထားသောဓါတ်ခွဲခန်းတွင်သာ ပြုလုပ်နိုင်သည်။ မိုဘိုင်းဖုန်း၏ရည်ရွယ်ချက်များအတိုင်း လက်တွေ့ဘ၀အခြေအနေများတွင်သုံးသောအခါ standby အချိန်သည် သိသိသာသာလျှော့နည်းပြီး အထက်ဖော်ပြပါအချက်များပေါ်တွင်အခိုင်အမာမူတည်နေလိမ့်မည်။
မှတ်ချက်: အသေးစိတ်အချက်အလက်တွေဟာ ကြိုတင်အသိပေးခြင်းမရှိဘဲနဲ့လည်း ပြောင်းလဲသွားနိုင်ပါတယ်။